The Wheel (New Series)

Discovery
11 Apr 2017 - 9:20pm

The Wheel ဟာ အဆုံးစွန် သော ရှင်သန်ရေး စိန်ခေါ်မှုတစ်ခုပေါ့။ တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ လူပုဂိ္ဂုလ် ၆ ဦးတို့ ဆိုးဝါးပြင်းထန် လှတဲ့ သဘာဝ ၀န်းကျင်အနေအထား တွေမှာ ရက်ပေါင်း ၆၀ ကြာ စွမ်း ဆောင်ရမယ့် အစီအစဉ်တစ်ခုပေါ့။ ပါဝင်သူတွေဟာ အစဉ်အလာ ရှင် သန်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေ မဟုတ်ကြဘဲ တစ်စုံတစ်ခုကို သက် သေပြကြမယ့် သာမန်လူတွေ ဖြစ် တယ်။ သူတို့ မသိတာကThe Wheel ဟာ လဆန်း လဆုတ် ပြက်္ခဒိန်ကို ထင်ဟပ်နေတဲ့ စက် ယန္တရားတစ်ခု ဆိုတာပါပဲ။ လပုံစံ အဆင့်ဆင့်ပြောင်းလဲမှုနဲ့အတူ အဲဒီ “ဘီး”က လည်ပတ်ပြီး လူတစ်ဦးစီကို ဂေဟဇုန်အသစ်တစ်ခုဆီ ပို့ဆောင် ပေးပါလိမ့်မယ်။ အချိန်အကန့်အသတ် ကတော့ ပရိသတ်တွေပဲ သိနေရမှာပါ။ ပါဝင်မယ့်သူတွေကိုတော့ “ဘီး”ဟာ ဘယ်အချိန်မှာ လည်ပတ်ဦးမလဲ ဆိုတာ မသိအောင် ထားထားပါတယ်။ ဒီတော့ ပါဝင်ဆင်နွှဲမယ့်သူတွေဟာ “ဘီး”ရဲ့ ညှာတာမှုပေါ်မှာသာ မူတည် နေပါတော့တယ်။ ဒီတော့ ရှင်သန် ရေးသမားတွေအနေနဲ့ ကြမ်းတမ်းတဲ့ မြေအနေအထားတွေကို ကြံ့ကြံ့ခံ နိုင်စေမယ့် အရာတွေ ရလာမလား။ ဒါမှမဟုတ် စိန်ခေါ်မှုတွေကပဲ မကျော် လွှားနိုင်ကြောင်း သက်သေပြမလား၊ စောင့်ကြည့်ကြရမှာပါ။