A Violent Prosecutor

4HD Channel
24 Jan 2018 - 7:00pm

ဗြုံဂျယ်ဝုခ် (ဟွမ်ဂျန်မင်း) က စိတ်ဆတ်တဲ့ ရှေ့နေတစ်ဦးပါ။ အမှန် တရားကိုသာ ကိုးကွယ်သူလည်း ဖြစ်တယ်။ စုံစမ်းစစ်ဆေးရေးအပိုင်းကို ပြင်းပြင်းပြပြ လုပ်တတ်လို့ ကျော်ကြားသူတစ်ယောက်ပေါ့။ တစ်နေ့တော့ ဗြုံဂျယ်ဝုခ် စုံစမ်းနေတဲ့ သံသယတရားခံတစ်ဦး သေဆုံးသွားပြီး အဲဒီအတွက် ဗြုံဂျယ်ဝုခ်ဟာ ထောင် ၁၅ နှစ် ကျသွားပါတယ်။ နောက် ၅ နှစ်အကြာ မှာတော့ ဗြုံဂျယ်ဝုခ်ဟာ ရုပ်ရည်သားနားတဲ့ လူလိမ် ချီဝမ်ဆိုသူကို ထောင်ထဲမှာ တွေ့ခဲ့ပါတယ်။ ဗြုံဂျယ် ၀ုခ်က ချီဝမ်ဟာ သူ့ကို အပြင်ထွက် နိုင်အောင် လုပ်ပေးနိုင်တယ်လို့ ခံစား မိခဲ့တယ်။ ဒီတော့ ဗြုံဂျယ်ဝုခ်က အပြင်ရောက်ရင် သူ့ကို ထောင်ချ ခဲ့သူတွေကို တန်ပြန်ဖို့ စီစဉ်နေပေ မဲ့ ချီဝမ်ကတော့ ဗြုံဂျယ်ဝုခ်ထံကနေ ထွက်သွားနိုင်မယ့် အခွင့်အလမ်းကို ရှာဖွေနေခဲ့ပါတယ်။ မူရင်းအမည်ကွနသျာတေနနြသည ဖြစ်ပြီး ဒါရိုက်တာ အီလ်ဟျွန်းလီ ရိုက်ကူးတဲ့ မှုခင်းဇာတ် ကားပါ။ ဂျန်မင်းဟွမ်၊ ဒုန်ဝမ်ကန် နဲ့ ဂျင်မိုဂျူးတို့ ပါဝင်ထားပါတယ်။