Tigerland

Fox Action Movies
11 Apr 2017 - 6:50pm
၁၉၇၁ ခုနှစ်။ ဗီယက်နမ် စစ်ပွဲကာလ။ အမေရိကန်လူငယ် ထောင်ပေါင်းများစွာ သူစိမ်းနယ်မြေမှာ သေဆုံးနေကြရတယ်။ လူဝီစီယဲနားက ဖော့ထ်ပေါ့ခ်မှာ နောက်ထပ် ထောင်ပေါင်းများစွာ ဗီယက်နမ်ကို ထပ်ပို့ဖို့ ပြင်ဆင်နေပါတယ်။ တပ်စုတစ်စုက စစ်သားတွေဟာ နောက်ဆုံးခြေလျင်တပ် လေ့ကျင့်ရေးအဆင့်အရောက်မှာ စစ်ပွဲတစ္ဆေ ခြောက်လှန့်ခြင်း ခံနေကြရတယ်။ သူတို့တွေကို စစ်ပွဲဆီပို့ဆောင်တော့မှာပါ။ ဒါပေမဲ့ စစ်သားတစ်ဦးချင်းစီဟာ အဲဒီအလားအလာကို သူတို့ကိုယ်ပိုင် နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းနေကြ တယ်။ ဒါပေမဲ့ တပ်သားတစ်ယောက်ရဲ့ အာခံဖီဆန်မှုက တပ်စုထဲကတပ်သားတိုင်းကို စိတ်ချောက်ချားမှုနဲ့တကွ တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာစေပါတော့တယ်။ ဒါရိုက်တာ ဂျိုဝဲလ်ရှူး မေချာရဲ့ စစ်နောက်ခံ ဒရာမာဇာတ် ကားဖြစ်ပြီး ကောလင်းဖာရဲလ်၊ မက်သျူးဒေးဗီးစ်၊ ကလစ်ဖ်တန် ကောလင်းစ်ဂျူနီယာတို့ ဦးဆောင်ပါဝင်ထားပါတယ်။