Tangled

5 Cartoons
17 Jul 2017 - 9:00pm

တိုင်းပြည်တစ်ပြည်တွင် ရှင်ဘုရင်ကြီးနှင့် မိဖုရားကြီးတို့သည် သမီးလေးတစ်ပါး ဖွားမြင်ခဲ့သည်။ သမီးမဖွားမြင်မီ မိဖုရားကြီးမှာ ဝေဒနာ အကြီးအကျယ် ခံစားရသဖြင့် တောထဲမှ ဆေးသစ်ပင်တစ်ပင်မှ ပန်းပွင့်ကို ရှာဖွေတိုက်ကျွေးခဲ့ရာမှ ဝေဒနာပျောက်ကင်းပြီး သမီးလေးကို မွေးဖွားနိုင်ခဲ့သည်။ ထိုပန်းပွင့်လေးတွင် သက်ရှည်နုပျိုနိုင်သော အစွမ်းသတ်္တိရှိပြီး အဘွားကြီး ဂေါ့သယ်လ်မှာ ၎င်းပန်းပွင့်လေးအစွမ်းဖြင့် နုပျိုအောင် ကြိုးစားနေသူ ဖြစ်သည်။ ထို့ကြောင့် ဂေါ့သယ်သည် နန်းတော်ထဲ ခိုးဝင်ကာ မင်းသမီးလေးကို ခိုးယူထွက်ပြေးခဲ့ သည်။ ရာပန်ဇယ်လ် မင်းသမီးလေးကို တောနက်ကြီးထဲရှိ မျှော်စင်ပေါ်တွင် ပြုစုစောင့်ရှောက်ရင်း ၁၈ နှစ်အရွယ် ရောက်ရှိခဲ့သည်။ ရာပန်ဇယ်လ်သည် သူ၏မွေးနေ့ရောက်တိုင်း လွှတ်တင်သည့် မီးပုံးများကို ပြင်ပလောကကြီးကို ကြည့်ချင်သောဆန္ဒ ဖြစ်ပေါ်ခဲ့ရာ သူ၏မျှော်စင်သို့ ရုတ်တရက်ရောက်လာသည့် ဖလင်းရိုက်ဒါ၏ အကူအညီဖြင့်သွားရောက်ခဲ့ရာမှ မိမိကိုယ်မိမိ ပျောက်ဆုံးနေသော မင်းသမီးလေးအဖြစ် သိရှိသွားပုံကို ရိုက်ကူးထားသောဇာတ်လမ်းဖြစ်သည်။