Taken Heart

Fox Movies
19 Jan 2018 - 5:55pm
Taken Heartကိတ်ဂျွန်ဆင်က တစ်ကိုယ်တော် မိခင်တစ်ဦးဖြစ်ပြီး အောင်မြင်တဲ့ ရဲစုံစမ်းရေးမှူး တစ်ယောက်ပါ။ သမီးလေး နီနာက မိဘမဲ့ဂေဟာ တစ်ခုကိုကူညီဖို့ ဘလိဇ်နိုင်ငံက ပန်တာဒီယာကို သွားတဲ့အခါ “လာမွာတီရိုဂျာ” အမည်ရှိ အဖွဲ့တစ်ဖွဲ့ ရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါ တယ်။ ဒီတော့ဘလိဇ် အစိုးရရဲ့ ဆောင်ရွက်မှုတွေကို မယုံကြည်တဲ့ ကိတ်ဟာ သမီးကလေးကို ကယ်တင်ဖို့ ဘလိဇ်ကို သွားပါတယ်။ ကိတ်ဟာ မရိန်းတပ်သားဟောင်း ဖရန်စစ်္စကို အိုရီဇာဂါဆိုသူနဲ့ တွေ့ပြီး သူ့ အကူအညီကို ရယူခဲ့တယ်။ စုံစမ်းမှုတွေလုပ်နေတုန်းမှာပဲ လာမွာတီရိုဂျာအဖွဲ့ဟာ ပန်တာဒီယာမှာ ဘယ်လောက် သြဇာရှိတယ်ဆိုတာ သိလိုက်ရပါတယ်။ တကယ်တော့ လာမွာတီရိုဂျာဟာ လူ့ကလီဇာတွေကို ကူးသန်း ရောင်းဝယ်နေကြတဲ့ ဒုစရိုက်အဖွဲ့အစည်းပါ။ ကိတ်ဟာ နီနာတစ်ယောက် သားကောင်ဖြစ်မသွားခင် ကယ်တင်နိုင်ရေးအတွက် ရေကုန်ရေခန်း ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။ ဒါရိုက်တာ စတီဗင်အာရ်မွန်ရိုး ရိုက်ကူးတင်ဆက်တဲ့ လျှို့ဝှက်သည်းဖို မှုခင်းအက်ရှင်ဇာတ်ကားဖြစ်ပြီး ဂျီနာဟိုးလ်ဒင်း၊ နာတာရှာကဲလစ်္စ၊ ရပ်ဖယ်လိုဒီဂပ်တိုလာတို့ ပါဝင်ထားပါတယ်။