Swimming with Monster : Steve Backshall

Animal Planet
2 Dec 2017 - 11:15am

တောရိုင်းကျွမ်းကျင်သူ၊ စွန့်စားမှုကိုဝါသနာထုံသူ စတိဗ်ဘက်ရှဲလ်ဟာ သူ့ဘ၀ တစ်ခုလုံးကို မယုံနိုင်လောက်အောင် ထူးခြားတဲ့ တိရစ္ဆာန်တွေနဲ့အတူ အနီးကပ်နေထိုင် ကုန်ဆုံးစေခဲ့သူပါ။ အခု သူဟာ မကောင်းဆိုးဝါးဆန်တဲ့ တိရစ္ဆာန် ၄ မျိုးကို စူးစမ်းလေ့လာ ဖို့ ဆန္ဒရှိနေပါတယ်။ ဒီတော့ အဲဒီသတ္တ၀ါတွေနေထိုင်ရာ ရေအောက်ကမ္ဘာကို ၀င်ရောက်ပြီး အခြားသူတွေ မလုပ်ဖူးသေးတဲ့ အနီးကပ် စူးစမ်းမှုတွေ လုပ်ဖို့ ရှိနေပါတယ်။ စတိဗ်ဟာ တိရစ္ဆာန်များ အပြုအမူဆိုင်ရာ ပညာရှင်တွေ၊ သိပံ္ပပညာရှင်တွေ၊ ရေငုပ်သမား အကျော် အမော်တွေနဲ့အတူ ပူးပေါင်းပြီး ဆွဲဆောင်အား ကောင်းသလောက် အန်္တရာယ်လည်းများတဲ့ တိရစ္ဆာန်တွေနဲ့အတူ ပင်လယ်အောက်မှာ စူးစမ်းလေ့လာပါလိမ့်မယ်။ အစီအစဉ်ရဲ့ တုန်လှုပ်ဖွယ် အပိုင်းတစ်ပိုင်းမှာဆိုရင် စတိဗ်ဟာ အာဖရိကရဲ့ အန္တရာယ် အကြီးမားဆုံး တိရစ္ဆာန်တစ်မျိုးဖြစ်တဲ့ ရေမြင်းတွေနဲ့အတူ “ရေကူး”ပါလိမ့်မယ်။