Sungkyunkwan Scandal

KBS World
1 Aug 2017 - 10:50pm
Every Mon to Fri (10:50pm)
 
ဂျိုဆီယွန်မင်းဆက်ခေတ်ကို နောက်ကားခံထားတဲ့ Sungkyunkwan Scandal က ဆွန်ကျွန်းကွမ်တက္ကသိုလ်မှာ ပညာသင်ယူနေတဲ့ ရုပ်ရည် ချောမောတဲ့ လူငယ် ၄ ဦးကို အဓိက မဏ္ဍိုင်ပြုပြီး သူတို့ရဲ့အချစ်ရေးနဲ့ ရင်းနှီး ခင်မင်မှုတွေအကြောင်း တင်ဆက်ထားတာပါ။ ကင်မ်ယွန်ဟီး (ပတ်မင်ယောင်) က ထက်မြက်ပြီး တာဝန်သိစိတ်ရှိတဲ့ အမျိုးသမီးငယ် တစ်ဦးပါ။ ဖခင်ဆုံးပါးသွားချိန်မှာ အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့နေရပေမဲ့ ကျောင်းစာကိုလည်း ကောင်းစွာသင်ယူနေပါတယ်။ တစ်နေ့တော့ ကင်မ်ယွန်ဟီးဟာ အစ်ကိုဖြစ်သူ ဟန်ဆောင်ပြီး အမျိုးသားတွေသာ ဖြေ ဆိုရတဲ့ နိုင်ငံအဆင့်စာမေးပွဲကို ၀င်ဖြေခဲ့တယ်။ အဲဒီနေ့မှာပဲ သူမဟာ လီဆီယွန်ဂျွန်း (မစ်ကီယူးချွန်) နဲ့တွေ့ပြီး ခင်မင်သွားပါတယ်။ လီဆီယွန် ဂျွန်းက အခွင့်ထူးခံလူတန်းစားက လာပြီး ကြည့်ကောင်းသူ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံး စာမေးပွဲအောင်ခဲ့ပြီး တက္ကသိုလ်မှာ တစ်ခန်းတည်း တောင် အတူနေကြပါတယ်။ 
 ဆွန်ကျွန်းကွမ်တက္ကသိုလ်မှာ ကူယုန်းဟာ (ဆွန်ဂျွန်းကီ) က အဆို ကောင်းတယ်၊ သောက်တတ် စားတတ်တယ်၊ မိန်းကလေးတွေကြားမှာ ရေပန်းလည်း စားပါတယ်။ ကူယုန်းဟာက ကင်မ်ယွန်ဟီးဟာ မိန်းကလေး ဆိုတာ သိလိုက်ရပြီးနောက် ထုတ်ဖော်မပြောပေမဲ့ စောင့်ကြည့်နေခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ သူဟာ ကင်မ်ယွန်ဟီးကို ကြွေလာပါတော့တယ်။ မွန်း ဂျယ်ဆင် (ယူးအာအင်) ကတော့ ကျောင်းမှာ ပြဿနာတက်နေသူပေါ့။ သူက စိတ်လိုက်မာန်ပါလုပ်တတ်ပြီး နိုင်ငံရေးသမား ဖခင်ဖြစ်သူကိုလည်း အခွင့်အရေးသမားမို့ မုန်းတီးနေပါတယ်။ မွန်းဂျယ်ဆင်ကလည်း ကင်မ် ယွန်ဟီးရဲ့လျှို့ဝှက်ချက်ကို သိသွားပါတယ်။ ဒါပေမဲ့ သူမကို ကာကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် ကင်မ်ယွန်ဟီးကို ထာဝရလက်တွဲသွားဖို့ ဆန္ဒရှိနေလို့ပါပဲ။