Spotlight Artist: KASABIAN (SONY)

Channel V
15 May 2017 - 7:28pm
ကာဆာဘီးယန်းတို့ဟာ လက်စတာအခြေစိုက် အင်္ဂလိပ် ရော့ခ်ဂီတ အဖွဲ့ပေါ့။ အဆိုတော် တွမ်မိုက်ဂန်၊ ဂစ်တာ/တေးရေးဆရာ ဆာ့ဂ်ျပစ်ဇောနို၊ ဘေ့စ်ဂစ်တာသမား ခရစ္စအက်ဒ်ဝဒ်နဲ့ ဒရမ်မာ အိုင်ယန်မက်သျူးတို့ ပါဝင် ဖွဲ့စည်းထားပါတယ်။ မကြာသေးခင် ၂၀၁၄ ခုနှစ်က 48:13 အယ်လ်ဘမ် ထုတ်ခဲ့ကြပြီး စုစုပေါင်း အယ်လ်ဘမ် ၅ ချပ် ထုတ်ခဲ့ကြပြီးပါပြီ။ မိုက်ဂန်၊ ပစ်ဇောနိုနဲ့ အက်ဒ်ဝဒ်တို့ဟာ ၁၉၉၇ ခုနှစ်လောက်တုန်းက တော့ ကောင့်တက်စ်သော့ပ် ကွန်မြူနတီကောလိပ်မှာ ကျောင်းသားတွေ ပေါ့။ သူတို့တွေ စုစည်းပြီး ၀ိုင်းကလေးဖွဲ့ဖြစ်ခဲ့ကြတာပါ။ အဲဒီနောက် သူတို့အဖွဲ့အမည်ကို ကာဆာဘီးယန်းလို့ ပြောင်းပစ်ခဲ့ကြပြီး ၂၀၀၄ ခုနှစ်မှာ ၀ိုင်းအမည်ပေးထားတဲ့ အယ်လ်ဘမ် စတင်ထုတ်ဖြစ်ခဲ့ကြတယ်။ အဲဒီမှာ Club Foot, Reason Is Treason, LSF နဲ့ Processed Beats စတဲ့သီချင်းတွေ ပါဝင်ခဲ့ပြီး ယူကေ အယ်လ်ဘမ် ထိပ်တန်းစာရင်းမှာ နံပါတ် ၄ နေရာအထိ ရောက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ NME ဆုနှင်းသဘင်မှာ ဆု ၉ ဆုအထိရရှိခဲ့ကြပြီး ၂၀၀၉ ခုနှစ်တုန်းက အိုအေ စစ်အဖွဲ့ တင်ထားတဲ့ ၇ ဆုစံချိန်ကို ကျော်လွန်သွားခဲ့ပါတော့တယ်။ကာဆာဘီးယန်းတို့ဟာ ၂၀၁၆ ထဲမှာတော့ ပရီးမီယားလိဂ် ချန်ပီယံ ဆု ဆွတ်ခူးခဲ့တဲ့ လက်စတာစီးတီး ဘောလုံးအသင်းအတွက် ဂုဏ်ပြု ဖျော်ဖြေခဲ့ကြပါတယ်။ အဲဒီပွဲမှာ လက်စတာ ချန်ပီယံဆုရတာကနေ စိတ် ကူး လှုံ့ဆော်မှု ရယူဖန်တီးခဲ့ကြတဲ့ Put Your Life On It ဆိုတဲ့ သီချင်း အသစ်တစ်ပုဒ်လည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ အဲဒီနောက် စက်တင် ဘာလထဲမှာတော့ ၂ နှစ်အတွင်း ပထမဆုံးအကြိမ် ထုတ်ဖြစ်ခဲ့တဲ့ Comeback Kid  ဆင်ဂယ်လ်သစ် ထွက်ပေါ်လာခဲ့ပြီး FIFA 17  ဗီဒီယို ဂိမ်းမှာ ကြားရနိုင်ပါတယ်။ အခုကာလအထိတော့ ကာဆာဘီးယန်းတို့ရဲ့ အယ်လ်ဘမ်သစ်သတင်း ကို အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ မကြာသေးခင်ကတော့ ၂၀၁၇ အတွင်း သူတို့အဖွဲ့ရဲ့ ပထမဆုံးပွဲကို ဖျော်ဖြေတင်ဆက်မယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီလ Channel [V] ရဲ့ Spotlight Artist  ကဏ္ဍမှာ ကာဆာဘီးယန်းတို့နဲ့ တွေ့ဆုံကြပါစို့။