South Africa : Cradle of Killers

NGC Wild
19 Jan 2018 - 9:00pm

အပူနဲ့ အအေး၊ ကန်္တာရနဲ့ အပူပိုင်းဒေသတွေ ရောနှောတည်ရှိရာ နေရာ၊ အာဖရိကတိုက်နဲ့ အန်္တာတိကတိုက်တို့ အတူတကွ ပေါင်းဆုံရာနိုင်ငံ ဖြစ်တဲ့ တောင်အာဖရိကဟာ အာဖရိကတိုက်ကြီး တစ်တိုက်လုံးလောက်ကို အမျိုးမျိုး အဖုံဖုံ စုံလင်ကြွယ်ဝတဲ့ နိုင်ငံပါ။ သဘာဝတရားနဲ့ အံဝင်ခွင်ကျ အဖြစ်ဆုံး၊ ကံအကောင်းဆုံး သတ်္တ၀ါတွေသာ ရှင်သန်ကျန်ရစ်နိုင်တဲ့ နေရာဒေသလည်း ဖြစ်နေပါတယ်။ ဆာဗားနား မြက်ခင်းလွင်ပြင်တွေကနေ သဲကန်္တာရတွေအထိ တောင်အာဖရိကရဲ့ ဗဟိုချက်မဟာ အအောင်မြင်ဆုံး မုဆိုးတွေ၊ အထူးဆန်းဆုံး တိရစ်္ဆာန်တွေရဲ့အိမ်ရာဖြစ်ပြီး ကမ်္ဘာမြေပေါ်မှာ အသွေးအရောင်စုံလင်လှတဲ့ သဘာဝအံ့ဖွယ်တွေထဲက တစ်နေရာလည်း ဖြစ်ပါတယ်။ အငူနဲ့ ကမ်းရိုးတန်းတွေနဲ့ ဝေးရာ ဒရက်္ကင်စ်ဘာ့ဂ်တောင်တန်း ရဲ့အလွန်မှာ ကျယ်ပြန့်လှတဲ့ ခြောက်သွေ့ ဆာဗားနားမြက်ခင်းတွေနဲ့ တစ် စိတ် တစ်ပိုင်းကန်္တာရတွေ ရှိနေပါတယ်။ အဲဒီမှာ ဉာဏ်အကောင်းဆုံးသတ်္တ၀ါ တွေသာ အံဝင်ခွင်ကျ ရှင်သန်ခွင့်ရနိုင်တယ်လို့ ဆိုပါတယ်။