So Close

For Cinema
3 Dec 2017 - 5:10pm

လင်း (ရှုကြည်) ဟာ ကြေးစားလူသတ်သမား၊ ဟက်ကာ၊ သူလျှိုကိစ်္စမှာ ကျွမ်း ကျင်သူပါ။ ညီမဖြစ်သူ ဆူးက အိမ်မှာပဲ ကွန်ပျူတာနဲ့ အဲဒီအလုပ်တွေ လုပ်နေပြီး လင်းက အန်္တရာယ်ပြွမ်းတဲ့အလုပ်တွေကို ပြင်ပမှာ လုပ်ဆောင်နေပါတယ်။ တကယ်တော့ ဆူးက သူ့ကို လျှော့တွက်နေတာဆိုပြီး လင်းကို မကျေနိုင်မချမ်းနိုင် ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ လင်းကတော့ ညီမဖြစ်သူကို အကာအကွယ်ပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ညီအစ်မနှစ်ယောက် အဓိကကုမ်္ပဏီကြီးတစ်ခုရဲ့ ဥက်္ကဋ္ဌကို အောင်အောင်မြင်မြင် လုပ် ကြံအပြီးမှာ ရဲစုံစမ်းရေးမှူး ဟုန် (ကာရင်မော့) က သူတို့ ညီအစ်မနောက်ကို လိုက် နေပါပြီ။ ဒါပေမဲ့ သူတို့ ၃ ဦးစလုံးကို အသေသတ်ချင်နေတဲ့ ဘုံရန်သူနဲ့ ရင်ဆိုင်ရချိန်မှာ တော့ သူတို့ ၃ ယောက် မဖြစ်မနေပေါင်းစည်းပြီး တုံ့ပြန်ကြရတော့မှာပါ။ ဒါရိုက်တာ ကိုရီယွင် ရိုက်ကူးတင်ဆက်တဲ့ အက်ရှင် စွန့်စားခန်း ဟာသဇာတ်ကား ဖြစ်ပါတယ်။