Smurfs : The Lost Village

5 Cartoons
2 Dec 2017 - 2:05pm

စမတ်ဖတ်ဟာ မှော်ဆရာကြီး ဂါဂါမဲလ်က ရွှံ့တုံးကနေ ဖန်တီးပေးခဲ့တဲ့ စမတ်ဖ် မှင်စာမလေးတစ်ဦး ဖြစ်ပါတယ်။ တခြား စမတ်ဖ်မှင်စာတိုင်းမှာ အားသာချက်ပုံစံ ကိုယ်စီရှိကြပေမဲ့ စမတ် ဖတ်ကတော့ သူ့မှာ အားသာချက် ဘာရှိမှန်း မသိ ဖြစ်နေရသူပါ။ တစ်နေ့မှာတော့ တားမြစ် တောအုပ်စပ်နားမှာ စမတ်ဖတ်ဟာ သူတို့နဲ့ ဒေသရင်းမတူတဲ့ စမတ်ဖ် မှင်စာလေးတစ်ဦးကို တွေ့ ခဲ့ရပါတယ်။ ဒီလိုမျိုး တခြားဒေသမှာ ပျောက်ဆုံးနေတဲ့ စမတ်ဖ်ရွာတစ်ရွာ ထပ်ရှိသေးတာကို မှော်ဆရာကြီး ဂါဂါမဲလ် ကပါ သိသွားခဲ့ပါတယ်။ အဲဒီပျောက်ဆုံးနေတဲ့ရွာကို သွားပြီး စမတ်ဖ်တွေကို ဖမ်းဖို့ကြိုးစားမယ့် ဂါဂါမဲလ်ကိုတားဆီးဖို့ စမတ် ဖတ်ဟာ သူ့သူငယ်ချင်း ဗလ၊ ရှပ်ပြာနဲ့ ဦးနှောက်တို့ကို ခေါ်ပြီး တားမြစ်တောအုပ်ထဲ စွန့်စားခရီးထွက်ခဲ့ကြပါတယ်။ လမ်းမှာ အခက်အခဲ အတားအဆီးမျိုးစုံ ကြုံခဲ့ပြီး ပျောက်ဆုံးနေတဲ့ စမတ်ဖ်မှင်စာရွာကို စမတ်ဖတ်တို့ ရောက်နိုင်ခဲ့ကာ နောက်ဆုံးမှာ ဂါဂါမဲလ်ကို တွန်းလှန်ဖို့ ကြိုးစားပုံတွေကို တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။