Savage Kingdom : Uprising

NGC Wild
2 Dec 2017 - 11:06pm

စိမ့်မြေခြင်္သေ့နိုင်ငံတော်ရဲ့ အငြင်းပွားဖွယ်မရှိတဲ့တောဘုရင် စက်္ကဲကာမ ဟာ သူ့နေရာအတွက် ပြိုင်ဘက်တွေနဲ့ မဖြစ်မနေ ရင်ဆိုင်တိုက်ခိုက်ရပါ လိမ့်မယ်။ သူ့ရဲ့တက်သစ်စ ခြင်္သေ့ပေါက် ၃ ကောင်က အာဏာကို ဆာ လောင် မွတ်သိပ်နေကြပြီ။ ဘုရင်ကို နန်းချဖို့ ခြိမ်းခြောက်နေကြပါပြီ။ စိမ့် တောကနေ မောင်းထုတ်ခံလိုက်ရလို့ လက်စားချေလိုနေတဲ့ မြောက်ပိုင်း ဘုရင်မ ၃ ကောင်ကလည်း အင်ပါယာသစ် တည်ထောင်ပြီး ရန်သူတော် တွေကို လက်စားချေဖို့ ကြံစည်နေကြတယ်။ ဆဘားကတော့ သားတော် မောင်ကို သူ့ခြေရာနင်းဖို့ မနားတမ်းကြိုးပမ်းရင်း အလွမ်းဇာတ်နဲ့ရင်ဆိုင် နေရတယ်။ နီယိုကတော့ တစ်ကိုယ်တော် သားသတ်သမားအဖြစ် ရှင်သန် ဖို့ ပြင်ဆင်ထားရပါလိမ့်မယ်။ ဒါပေမဲ့ သူ့အနာဂတ်ဟာ ချိန်ခွင်ညှာပေါ်မှာ တည်နေပါတယ်။