Rude(ish) Tube Premieres

AXN
20 Jul 2017 - 5:40pm

ကမ္ဘာလွှမ်းခြုံကွန်ရက်ကြီး (World Wide Web) ပေါ် တင်ခဲ့သမျှ အရယ်ရဆုံး၊ အရူးသွပ်ဆုံး၊ မယုံနိုင်စရာအကောင်းဆုံး ဗီဒီယိုကလစ်တွေကို တင်ဆက်ထားတဲ့ နာရီဝက်စာ စီးရီးပါ။ အပိုင်းတစ်ပိုင်းစီမှာ အွန်လိုင်းပေါ်မှာ တွေ့သမျှ မတူကွဲပြားတဲ့ အကြောင်းအရာမျိုးစုံကို တင်ဆက်ဖို့ ကြိုးစားထားပါတယ်။ နင်ဂျာတွေကနေ နန်နီတွေအထိ၊ ကျောင်းကနေ အထင်ကြီးအောင် ဟိတ်ထုတ်ထားတဲ့ ပြကွက်တွေအထိ၊ ကသိကအောက်ဖြစ်စေတတ်တဲ့ ဒယ်ဒီတွေကနေ အထူးဆန်းဆုံး အားကစားတွေအထိ ဘယ်အရာမှ ရှောင် မလွတ်ပါဘူး။ နောက်ပြောင်ကျီစယ်မှုတွေ၊ စတန့်တွေ၊ တိရစ္ဆာန်တွေ၊ ချစ်စရာ ကလေးသူငယ်တွေအပြင် အင်တာနက်ထဲမှာ ကြီးစိုးမင်းမူနေတဲ့ ကြောင်တွေ မြောက်မြားစွာ တွေ့မြင်ရှုစားကြရမှာပါ။