Route Awakening

Nat Geo People
9 Apr 2017 - 8:45pm

ကယ်လီဖိုးနီးယားက စွန့်စားခန်းတွေနဲ့ ခရီးသွားခြင်းတွေကို ခုံမင်သူ ဟယ်ရီယွမ် ဟာ ဘိုးဘေးဘီဘင်တွေရှိရာ တရုတ်နိုင်ငံ ကို ပြန်သွားပါတယ်။ သူဟာ ယန်စီနဲ့ ဟွမ်ဟဲ (မြစ်ဝါမြစ်) ဆိုတဲ့ အရှည်ဆုံးမြစ် နှစ်မြစ်ရဲ့ လမ်းညွှန်မှုနဲ့ တရုတ်ပြည်မကြီး အလယ်ကို ဖြတ်သန်းသွားပါတယ်။ သူ့ရဲ့ လုပ်ငန်းဆောင်တာက လမ်းကြောင်း တစ် လျှောက်မှာ တွေ့ရမယ့် ရှေးဟောင်း ယဉ် ကျေးမှုနဲ့ ရိုးရာအစဉ်အလာတွေကို ရှာဖွေ ဖို့ပါ။ သူ့ခရီးစဉ်က ပုံသေမဟုတ်ပါဘူး။ တွေ့ဆုံရတဲ့လူတွေရဲ့ လမ်းညွှန်မှုနဲ့ သွား မှာပါ။ ယန်စီမြစ်ကြီးက သူ့ကို ရှန်ဟိုင်းက နေ ၀ူဟန်နဲ့ ရှင်နွန်ချောင်းတွေကတစ်ဆင့် စီချွမ်ပြည်နယ်က တောက်ကျင့်အထိ လမ်း ညွှန်ပေးပါတယ်။ အပြန်ခရီးစဉ်ကို ဦးဆောင် နေတာကတော့ မြစ်ဝါမြစ်ပါ။ ကျင်ဟိုင်းနယ် ကိုဖြတ်ပြီး မွန်ဂိုလီးယားအတွင်းပိုင်းအထိ၊ နောက်ဆုံး ရှန်တုန်နယ်က တရုတ် ယဉ်ကျေး မှု စတင်ရာ နယ်မြေအထိ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဟယ်ရီဟာ တူဂျားလှေ စီးတာ၊ တိဘက်မြင်းစီးနဲ့ မြားပစ်တာ၊ မွန်ဂိုနပန်း စတဲ့ လှုပ်ရှားမှုအခြေခံ ကိုယ် လက် လှုပ်ရှား အားကစားတွေကိုလည်း စမ်းသပ်ကြည့်ဦးမှာ ဖြစ်ပါတယ်။ တိဘက် စတိုင်လ် မြင်းစီးခြင်းနဲ့အတူ ကန္တာရခရီးသွား တိဘက်နွားမွေးသူတစ်ဦးရဲ့ အတွေ့အကြုံ တွေကိုလည်း ရယူဦးမှာ ဖြစ်ပါတယ်။