Robbie Coltrane's Critical Evidence

CI
17 Jan 2018 - 2:00pm

လူသတ်မှုတစ်ခု ဖြစ်တယ်၊ ဒါပေမဲ့ သံသယ တရားခံ ရှာမတွေ့၊ အလောင်း တောင် ရှာမတွေ့ဘူး။ ဒီလိုဆိုရင် စုံစမ်း စစ်ဆေးမှုဟာ အခက်ခဲဆုံး ဖြစ်သွားပါပြီ။ သဲလွန်စတွေ စုစည်းရမယ်၊ သရုပ်ခွဲ ဆန်း စစ်ရမယ်၊ ဒါပေမဲ့ သဲလွန်စတွေကလည်း အကျိုးမရှိ ဖြစ်နေတယ်။ အသတ်ခံရသူ အများစုဟာ လူသတ်သမားကို သိကြပါ တယ်။ အဲဒါကပဲ ဖြေရှင်းဖို့ ရိုးစင်းလွယ်ကူ စေပါတယ်။ ဒါပေမဲ့ ယူကေက လူသတ် မှုတွေရဲ့ ၂၀ ရာနှုန်းလောက်ကို “မသိ ရတဲ့အနေအထား”လို့ သတ်မှတ်ကြပါ တယ်။ ဒီစီးရီးမှာ ရောဘီ ကိုးလ်ထရိန်းက ဗြိတိသျှ ရဲတွေ စုံစမ်း ဖော်ထုတ်ခဲ့သမျှ အရှုပ်ထွေးဆုံး၊ အခက်ခဲဆုံး လူသတ်မှု ၈ မှုကို တင်ပြထားပါတယ်။ အစီအစဉ် တစ်ခုစီမှာ အဓိက တင်ပြထားတာက သဲလွန်စတွေနောက်ကို လိုက်လံရှာဖွေခြင်း ပါ။ ဘယ်လို တွေ့ရှိသလဲ၊ ဘာအဓိပ်္ပာယ် လဲ၊ အမှုအတွက် ဘယ်လောက် အရေးပါသလဲ ဆိုတာတွေပေါ့။ စုံစမ်းရေးမှူးတွေ၊ မှုခင်းပညာရှင်တွေနဲ့ အင်တာဗျူးတွေကတစ်ဆင့် ၀တ်္ထုထက် ဆန်းကြယ်ထူးခြားတဲ့ အမှုတွေရဲ့ အံ့ဖွယ် အကွေ့အလှည့်တွေကို ဖော်ထုတ် တင်ပြထားပါတယ်။