Riot

Fox Action Movies
19 Mar 2017 - 2:55pm
ကောပါးဂျက်စတုန်းဟာ နာမည်ဆိုးနဲ့ ကျော်စောတဲ့ ရုရှလူမျိုး ဘာလမ်နဲ့အတူ အကျဉ်းထောင်ထဲဝင်ဖို့ ဘဏ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဓားပြတိုက်ဖို့ ကြံစည်နေတယ်။ ဘာလမ်ဟာ လူဆိုးဂိုဏ်းသား တစ်ယောက် ဆိုတာထက် ပိုပါတယ်။ လှည့်ဖျားတတ်တယ်၊ အန္တရာယ်ကြီးတယ်၊ 
အကျဉ်းထောင်ထဲကနေ ရဲတွေကိုတောင် ထိန်းချုပ်ထားနိုင်သူပေါ့။ ထောင်ထဲက သူ့အခန်းဟာ သူ့အတွက် သီးသန့်တည်ဆောက် ထားတာဖြစ်ပြီး လုံခြုံစိတ်ချရသတဲ့။ ထောင်ဝါဒါတွေတောင် ထောင်ထဲက သူ့နေရာကို မသွားရဲကြပါဘူး။ အဲဒီလို သူ့တပည့်တပန်းတွေ 
ဝန်းရံနေပေမဲ့ ဘာလမ် မသိသေးတာက သူသွေး အေးအေးနဲ့ သတ်ဖြတ်ခဲ့လို့ မိသားစုတွေ သေဆုံးခဲ့ရတဲ့ ဂျက်တစ်ယောက် လက်စားချေဖို့ လာနေပြီ ဆိုတာ ပါပဲ။ ဒါရိုက်တာဂျွန်လိုဒ်ရဲ့ လက်ရာအက်ရှင်ဇာတ်ကားဖြစ်ပြီး မက်သျူး ရီးစ်၊ ဒေါ့ဖ်လန်ဂရင်း၊ ဒန်နီယယ် ချပ်ခရမ်တို့
ပါဝင်ထားပါတယ်။