Raman Raghav 2.0

For Cinema
8 Apr 2017 - 5:52pm

ဒီနေ့ခေတ် မွန်ဘိုင်မြို့(အိနိ္ဒယ နိုင်ငံ)မှာ ဇာတ်အိမ်တည်ထားတဲ့ ပြီး အတွဲလိုက် လူသတ်ကောင် ရာမန်နာရဲ့ ဘ၀ဇာတ်ကြောင်းကို တင်ပြထားတာပါ။ ရာမန်နာဟာ ၁၉၆၀ စုနှစ်များဆီက အတွဲလိုက်လူ သတ်ကောင် ရာမန်ရက်ဂေ့ဗ်ထံ ကနေ လှုံ့ဆော်မှု ရယူခဲ့တယ်လို့ ဆိုပါတယ်။ ရာမန်နာဟာ လူငယ် ရဲဝန်ထမ်း ရက်ဂါဗန်အပေါ် ထူးထူး ဆန်းဆန်း စွဲလမ်းမှု ကြီးထွားလာပြီး ရက်ဂါဗန် မသိအောင် နောက်ယောင်ခံလိုက်ရင်း မကြာခဏ ဆိုသလို တစ် ယောက်နဲ့တစ်ယောက် မျက်နှာချင်း ဆိုင်မိစေတဲ့ အခြေအနေတွေကို ဖန်တီးနေပါတယ်။ ဒါရိုက်တာ အနူရက်ဂ် ကက်ရှီယက်ပ် ရိုက်ကူးတဲ့ လျှို့ဝှက်သည်းဖို ဇာတ်ကားဖြစ်ပြီး န၀ပ်ဇူဒင် ဆစ်ဒီကီ၊ ဗစ်ကီခူးရှဲလ်နဲ့ သောဘိတ ဒူလိပါလတို့ပါဝင်ထားပါတယ်။