Race to Witch Mountain

Fox Movies
19 Jul 2017 - 7:30pm
နီဗားဒါးသဲကန္တာရအလယ်က လျှို့ဝှက်နေရာ တစ်နေရာအကြောင်း ဇာတ်လမ်းတွေဟာ နှစ်ပေါင်းများစွာ ပေါ်ထွက်နေခဲ့တယ်။ ရှင်းမပြနိုင်တဲ့ ဖြစ်အင်တွေ၊ ထူးဆန်းတဲ့ မြင်တွေ့ရမှုတွေပါပဲ။ အဲဒါကို “စုန်းတောင်”လို့ ခေါ်ပါတယ်။ လာ့စ်ဗေးဂတ်စ်က တက္ကစီဒရိုင်ဘာတစ်ဦးဟာ သူ့ကားပေါ်စီးလာတဲ့ ဆယ်ကျော်သက်ရွယ် လူငယ်နှစ်ဦးမှာ သဘာဝလွန် စွမ်းအားတွေ ရှိနေတာကို တွေ့ခဲ့ရပြီးနောက် သူကိုယ်တိုင်လည်း ရှင်းမပြနိုင်တဲ့ စွန့်စားခန်းကြီးတစ်ခုထဲ ရောက်သွား ခဲ့ပါတယ်။ သူတို့သုံးဦးဟာ “စုန်း တောင်” ရဲ့ လျှို့ဝှက်ချက်တွေထဲမှာရှိနေတဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် အခွင့်အလမ်းကို အတူတကွ အသည်းအသန် ရှာဖွေကြပါတော့တယ်။ ဒါရိုက်တာ အန်ဒီဖစ်ခ်မင်းရဲ့ မိသားစု အက်ရှင် စွန့်စားခန်းဇာတ်ကားဖြစ်ပြီး ဒွေးန်ဂျွန်ဆင်၊ ကာလာဂူဂီနို၊ အန်နာဆိုဖီယာ ရော့ဘ်တို့ ပါဝင်ထားပါတယ်။