A Question of Love

TLC
2 Dec 2017 - 8:20pm

ရဲရင့်တဲ့ ဆက်ဆံရေးဆိုင်ရာ အသွင်သစ်နဲ့ တင်ဆက်ထား တဲ့ အစီအစဉ်ပါ။ စုံတွဲ ၃ တွဲဟာ ဆက်ဆံရေးနဲ့ ပတ်သက် လို့ အဓိက ခြေလှမ်းတစ်လှမ်းကို လှမ်းကြဖို့ ဆုံးဖြတ်လိုက်တဲ့ အခါ ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကို စူးစမ်းလေ့လာ တင်ပြထားပါ တယ်။ တစ်နာရီစာ အပိုင်းတိုင်းမှာ စုံတွဲ ၃ တွဲတို့ဟာ တစ် ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ပြီး အမှန်တရားနဲ့ သူတို့နှစ်ဦးကြားက အကွာအဝေး သဘောတွေကို မီးမောင်းထိုး ပြမယ့် မေးခွန်းတွေကို မေးမြန်း ဆွေးနွေးကြပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် နက်နက်နဲနဲချစ်ကြပေမဲ့ လေးနက်တဲ့အရေးကိစ်္စတွေနဲ့ ရင်ဆိုင်နေရတဲ့ စုံတွဲ ၃ တွဲဟာ သူတို့ရဲ့ဆက်ဆံရေးကို အဆင်ပြေသွားစေမယ့် လူမှုရေးရာစမ်းသပ်ချက်တစ်ခုမှာ ပါဝင်ကြပါတယ်။ သူတို့ဟာ မိမိတို့ရဲ့ပါတနာတွေနဲ့အတူ ရက် ၃၀ တိတိ အတူနေထိုင်ကြပြီး ရင်းနှီးပွင့်လင်းတဲ့ မေးခွန်းတွေကို အပြန်အလှန်မေးမြန်းဆွေးနွေးကြမှာပါ။ အဆိုပါမေးခွန်းတွေဟာ သူတို့တွေ တစ်ဘ၀လုံး ရှောင်ရှားလာခဲ့ကြတဲ့ မေးခွန်းမျိုးတွေပေါ့။ တစ်ပြိုင်နက်တည်းမှာပဲ သူတို့တွေဟာ ဆက်ဆံရေးဆိုင်ရာပညာရှင် ဒါမိုနာဟော့ဖ်မန်းနဲ့လည်း တိုင်ပင်ဆွေးနွေးကြပါလိမ့်မယ်။