Queen of Mystery

KBS World
6 Apr 2017 - 8:20pm
ယူးဆိုးအော့က ထူးခြားဆန်းကြယ်ဝတ္ထုတွေကို နှစ်သက်ခဲ့ပြီး စုံထောက်တစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ အိမ်ထောင်ကျပြီးနောက်မှာတော့ အဲဒီအိပ်မက်ကို စွန့်လွှတ်ဖြစ်ခဲ့ပါတယ်။ အခုတော့ သူဟာ ရှေ့နေခင်ပွန်းသည်နဲ့အတူ အိမ်ထောင်ရှင်မ ဖြစ်နေပြီလေ။ ယူးဆိုးအော့ဟာ ဟာဝမ်ဆီယွန်းနဲ့ တွေ့ဆုံခဲ့တယ်။ ဟာဝမ်ဆီယွန်းက ဆန်္ဒပြင်းပြတဲ့ စုံထောက်တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ဦး ထူးခြားဆန်းကြယ် အသိရခက်တဲ့ အမှုတွေကို ပူးပေါင်းဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။