People Magazine Investigates

Discovery
19 Jan 2018 - 11:15am

People Magazine Investigates က ခေါင်းကြီးသတင်းတွေရဲ့ အခြားတစ်ဖက် က ပြိုကွဲသွားခဲ့ရတဲ့ ဘ၀တွေ၊ မိသားစုတွေရဲ့ ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်တွေကို ရှာဖွေဖော်ထုတ် တင်ပြထားတာပါ။ သတင်းတွေထဲမှာ ပါခဲ့ပြီး ပေါ်ပြူလာ ယဉ်ကျေး မှုရဲ့ တစ်စိတ်တစ်ပိုင်းတောင် ဖြစ်လာနေပြီဖြစ်တဲ့ မှုခင်းဖြစ်ရပ်တွေ အကြောင်းပါ။ အပိုင်းတစ်ပိုင်းစီမှာ ပီးပဲလ် (မဂ်္ဂဇင်း) ဂျာနယ်လစ်တွေနဲ့ အင်တာဗျူးတွေ၊ ကိုယ်တွေ့ ကြုံရသူတွေနဲ့ အင်တာဗျူးတွေနဲ့တကွ စုံစမ်းစစ်ဆေးသူတွေနဲ့ အနီးစပ်ဆုံးသူတွေ ထုတ်ဖော်ပြောပြကြတဲ့ ဖြစ်ရပ်တွေရဲ့ အလှည့်အပြောင်းတွေ၊ သဲလွန်စ အသစ်တွေ၊ မျှော်လင့်မထားတဲ့ အဆုံးသတ်အဖြေတွေကို တွဲဖက်ပေါင်းစပ် တင်ပြထားပါတယ်။ ဂျက်ကီဂယ်လိုဝေးဟာ ကြိုးဆွဲချသေနေတာကို တွေ့ခဲ့ရတယ်။ ကြိုးကို ထုံးတမ်းဓလေ့ တစ်ခုခုအရ ချည်နှောင်ထားတာကို တွေ့ရပါတယ်။ ရဲတွေက ဂျက်ကီရဲ့အတွင်းလူတွေ ထဲက သံသယရှိသူတွေကို စုံစမ်းစစ်ဆေးခဲ့ပေမဲ့ လှည့်လည် ချောင်းမြောင်းသူတစ်ဦးနဲ့ အမှတ်မထင် တွေ့ရပြီး လူသတ်သမားဟာ အတွဲလိုက် လူသတ်သမားတစ်ဦးဆီ ဦးတည်နေတာကြောင့် တုန်လှုပ်ခဲ့ကြရပါတယ်။