Nightmare Next Door : S5

Discovery
16 Jan 2018 - 11:15am

အမေရိက မြို့လေးတစ်မြို့ကို ရိုက်ခတ်ခဲ့တဲ့ ထူးခြားဆန်းကြယ် လူသတ်မှုတွေအကြောင်း တင်ပြထားပါတယ်။ တစ်နာရီစာ အပိုင်းတစ်ပိုင်းစီမှာ ထူးခြားဆန်းကြယ် လူသတ်မှု တစ်ခုစီ ပါဝင်မှာဖြစ်ပြီး ရင်းနှီးကျွမ်းဝင်တဲ့ လူမှုအဖွဲ့အစည်းရဲ့ နှလုံးသားနဲ့ ၀ိညာဉ်တွေထဲက ဒုစရိုက်မှုထဲကို စေ့စေ့စပ်စပ် စူးစမ်းဖွေရှာ တင်ပြထားပါတယ်။ စုံစမ်းရေးမှူးတွေ၊ ရှေ့နေတွေ၊ မိသားစုဝင်တွေ၊ အိမ်နီးနားချင်းတွေနဲ့ အင်တာဗျူးတွေ၊ အချက်အလက်တွေကို ဆက်စပ်စုပေါင်းပြီး ဖြစ်ရပ်ကို ပုံဖော်တင်ပြထားတွေ ဖြစ်ပါတယ်။ ဖလော်ရီဒါ၊ အော်လန်ဒိုအုပ်ချုပ် ရေးမှူးရုံးခန်းကို ထူးခြားဆန်းကြယ်တဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်လာပြီးနောက် ဒုတိယထပ်မှာ နေထိုင်တဲ့ လူငယ်ပန်းချီ ဆရာမလေးတစ်ဦးဟာ ရက်ရက်စက်စက် ရိုက်နှက်သတ် ဖြတ် ခံခဲ့ရတယ်ဆိုတာ သိလိုက်ရပါတယ်။