My New Best Friend

Fox Family Movies
17 Mar 2017 - 6:30pm
ပင်နဲလို့ပ်“ပိုလ်ကာဒေါ့”ဒေါ့ဟာ ဇွဲသတိ္တရှိပြီး ကြံရည်ဖန်ရည်ရှိတဲ့ ၁၁ နှစ်အရွယ် ကလေးမလေးပါ။ သူ ဟာ နာမကျန်းဖြစ်နေတဲ့ မိခင်ဖရန်စစ်နဲ့အတူ နေထိုင်နေသူပေါ့။ ၀င်ငွေ အနည်းအကျဉ်း ရဖို့အတွက် ပိုလ်ကာဒေါ့ဟာ မြို့တွင်းက ရဲအရာရှိ ကူးပါးရဲ့ပါတနာ လူအီရဲ့ခွေးအိမ်ကို သန့်ရှင်းရေးလုပ်ခွင့်ရဖို့ မျက်နှာချို သွေးခဲ့ပါတယ်။ မိခင်ဖရန်စစ်ရဲ့ အခြေအနေ ဆိုးဝါးလာချိန်မှာတော့ ကူးပါဟာ ပိုလ်ကာဒေါ့ရဲ့ အစစ်အမှန် အနေအထားကို ရင်ဆိုင်တွေ့လာရပါတော့တယ်။ ဒီတော့ရင်းနှီးခင်မင်မှုနဲ့ ရဲစွမ်းသတိ္တရှိခြင်းဟာ ပျော်ရွှင်စရာ ဘ၀သစ်ကို ရရှိလာစေနိုင်တယ်ဆိုတာ ဒီဇာတ်ကားလေးမှာ မျှော်လင့်ထားလို့ ရပါတယ်။ တစ်ဦးနဲ့ တစ်ဦး တွဲဖက်လို့မရတဲ့ အဆို ပါ ၃ ဦးဟာ တစ်ယောက်ကို တစ် ယောက် ပြီးပြည့်စုံစေတဲ့ အတွဲအဖက် ဖြစ်ကောင်းဖြစ်လာနိုင်တယ်လေ။ ဒါရိုက်တာတယ်ရီ အင်ဂရမ်ရဲ့ မိသားစုနောက်ခံ ဇာတ်ကားဖြစ်ပြီး ဂျိမ်းစ်ဒင်တန်၊ လိုင် လာ ဖစ်ဇ်ဂျရယ်လ်၊ လော်ရာမင်နဲလ်တို့ ဦးဆောင်ပါဝင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။