My Father is Strange

KBS World
18 Mar 2017 - 7:50pm

ဒီဒရာမာအစီအစဉ်က ဆိုးလ်မြို့တော်ရဲ့အပြင်ဘက် ဆင်ခြေဖုံးမှာ နေထိုင်ကြတဲ့ မိသားတစ်စု အကြောင်းပါ။ ဗြွန်ဟန်ဆူးက အိမ်ထောင် ဦးစီးဖြစ်ပြီး ဇနီးသည် နာ ယောင်းရှီလ်က တာဝန်ယူစိတ် ရှိပြီး မိသားစုအတွက် ဘ၀ကို မြှုပ်နှံထားတဲ့ မိခင်တစ်ဦးပါ။ သူတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက်ရှိပြီး ဟိုင်း ယွန်း၊ မိယွန်း၊ ရယွန်းနဲ့ ဂျွန်း ယောင်တို့ ဖြစ်ပါတယ်။ တစ် နေ့တော့ သူတို့မိသားစုထဲကို အန်းဂျွန်ဟီး ပေါ်လာပြီး သူဟာ မိသားစုရဲ့သားတစ်ယောက် ဖြစ်ကြောင်း ဖွင့်ဟကြေညာ လိုက်ပါတယ်။ ဂျွန်ဟီးဟာ အကျော်အမော်အုပ်စုတစ်စု ထဲမှာ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ သရုပ် ဆောင်တစ်ဦးပါ။ သူဟာ ဗြွန် ဟန်ဆူးတို့အိမ်မှာ စတင် နေ ထိုင်ပါတော့တယ်။ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုရမယ့် ဒရာမာ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။