Moana

For Kids
13 Apr 2017 - 7:30am

Moana ဟာ ၂၀၁၆ ခုနှစ်ထွက် အမေရိကန် 3D ကွန်ပျူတာအင်နီမေးရှင်းဇာတ်ကားဖြစ်ပြီး တေးဂီတနောက်ခံ၊ စိတ်ကူးယဉ်၊ ဟာသ၊ စွန့်စားခန်းအမျိုးအစားပါ။ ဒစ္စနေရဲ့ ၅၆ ကားမြောက် အင်နီမေးရှင်းကားကြီးဖြစ်ပြီး ရွန်ကလီးမင့်နဲ့ ဂျွန်မတ်စကာတို့ တွဲဖက်ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။  ပင်လယ်ခရီးသွား လူမျိုးစုအကြီးအကဲရဲ့ တစ်ဦးတည်း သောသမီး၊ တက်ကြွပြီး ကြောက်ရွံ့စိတ်မရှိတဲ့ ဆယ်ကျော်သက်အရွယ် မိန်းမငယ်လေး မိုအားနာဝေအာလိကဟာ မိသားစုရဲ့လိုအပ်ချက်အရ မော်ကွန်းတင်လောက်တဲ့ ပင်လယ်ပြင်ခရီးကို နှင်ပြီး ဒဏ္ဍာရီလာကျွန်းတစ်ကျွန်းကို ရှာဖွေပုံတင်ဆက်ထားတာပါ။ ဒီခရီးစဉ်မှာ မိုအားနာကို ပါဝင်ကူညီမယ့်သူကတော့ သူမရဲ့သူရဲကောင်း နတ်တစ်ပိုင်း မောအိပါ။ တကယ့်ဒဏ္ဍာရီထဲက နတ်တစ်ပိုင်းတွေ၊ ၀ိညာဉ်တွေလည်း ပါဝင်နေပြီး ခရီးစဉ်တစ်လျှောက်မှာ ဖောက်ပြန် တတ်တဲ့ သမုဒ္ဒရာ၊ ပုန်းကွယ်နေတဲ့အရာတွေနဲ့ တိုက်ပွဲဝင်ကြရပြီး မိုအားနာတစ်ယောက် လမ်းသစ်ရှာဖွေရာမှာ “ဆရာ ကျသူ”ဖြစ်ကြောင်း သက်သေပြရပါလိမ့်မယ်။ ဒီဇာတ်ကားမှာ မိုအားနာအဖြစ် လူသစ်ကလေး အော်လီအီခရာဗယ်လိုက သူမရဲ့ပထမဆုံးသရုပ်ဆောင်မှုပြီး ဟာဝိုင်အီသူလေးဖြစ်ပါတယ်။မောအိ အဖြစ် နာမည်ကြီး သရုပ်ဆောင်  The Rock လို့သိများတဲ့ Dwayne Johnson က အသံဖြင့် သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်း တစ်ပုဒ်ဖြစ်တဲ့ You're Welcome  သီချင်းကိုလဲ Dwayne Johnson ကိုယ်တိုင် သီဆိုပေးထားပါတယ်။ Moana ကို အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ မှာ စတင်ရုံတင်ခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူး ရေးသားမှုတွေကို ရရှိခဲ့တဲ့အပြင် ဒီနေ့အချိန်ထိ ကမ္ဘာတစ်ဝန်းမှာ ဒေါ်လာ ၅၉၆ သန်း ရရှိအောင်မြင်ခဲ့ပြီး ဖြစ်ပါတယ်။