Men In Black 3

AXN
1 Sep 2017 - 6:40pm
အေးဂျင့် ဂျေ (၀ီလ်စမစ်) နဲ့ ကေ (တွမ်မီလီဂျုန်းစ်) တို့ ပြန်လာပါတယ်။ ဂျေက Men in Black နဲ့အတူ ၁၅ နှစ်တာ ကာလအတွင်း နားလည်ရ ခက်တဲ့အရာတချို့ မြင်တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ဂြိုဟ်သားတွေ အပါအ၀င် ဘာတစ်ခုကမှ သူ့ကို ဦးနှောက်မခြောက်စေပါဘူး။ ခနဲ့တဲ့တဲ့ လှောင် တောင်တောင် သူ့တွဲဖက်ကြောင့် ဦးနှောက်ခြောက်ရတာက လွဲလို့ပေါ့။ ဒါပေမဲ့ ကေရဲ့ဘ၀နဲ့ ကမ္ဘာကြီးရဲ့ ကံကြမ္မာအပေါ် အရေးကြုံလာတဲ့အခါ ဂျေဟာ ကာလနောက်ပြန်သွားပြီး အခြေအနေတွေကို ထိန်းချုပ် တည့် မတ်ရပါလိမ့်မယ်။ အဲဒီမှာ ဂျေဟာ ကေ သူ့ကို ဘယ်တုန်းကမှ ပြော မပြဖူးခဲ့တဲ့ စကြ၀ဠာနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်ဆိုတာ သိလိုက်ရပါတယ်။ ဂျေဟာ (လက်ရှိ ဘ၀) ကေ၊ သူတို့ရဲ့အေဂျင်စီနဲ့ လူ သားတို့ရဲ့ အနာဂတ်ကို ကယ်တင် ရေးအတွက် လူငယ်ဘ၀ ကေ (ဂျော့ရှ် ဘရိုးလင်း) နဲ့ (အတိတ်ကာလမှာ) တွေ့ဆုံခိုက်မှာ သူ့ဘာသာ လှစ်ဟ ဖော်ပြလာတဲ့ လျှို့ဝှက်ချက်တွေကို ရှုစားကြရမှာပါ။