Marry Him If You Dare

KBS World
11 Apr 2017 - 10:50pm

ရုပ်သံထုတ်လွှင့်ရေးလောကမှာ အခြေတည်ထားတဲ့ အချိန်ခရီးသွား ဇာတ်လမ်းပါ။ အနာဂတ်ဘ၀က လက်ရှိဘ၀နဲ့ပတ်သက်လို့ အကြံဉာဏ်တွေ ပေးနေတဲ့ စာရေး ဆရာမ တစ်ယောက်ရဲ့အကြောင်း အဓိက ဇာတ်အိမ်ဖွဲ့ထားပါတယ်။ အမျိုးသမီး တစ်ယောက်အတွက် အသက် ၃၂ နှစ်ဆိုတာ အသစ်တစ်ခုခု စတင်ဖို့ နောက်ကျကောင်း နောက်ကျနေနိုင်သလို တစ်ခုခုကို စွန့်လွှတ်ဖို့အတွက်ကျတော့ စောလွန်းနေ သေးတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီမှာ အနာဂတ်ဘ၀က ပြီးပြည့်စုံတဲ့ ရည်းစားတစ်ယောက်နဲ့ တွေ့ဆုံစေပြီး သူမရဲ့ လက်ရှိဘ၀ ပိုမိုကောင်းမွန်လာအောင် အကူ အညီပေးဖို့ ကြိုးစားလာပါတယ်။ ရုပ်သံလွှင့် စာရေးဆရာမ နာမိရယ် (ချွဲမြွန်ဂီးလ်) ဟာ ရုပ်သံအစီအစဉ်ကြေညာသူ ကင်မ် ရှင် (လီဒုန်ဂန်း) နဲ့ လက်ထပ်မှုကို တားဆီးဖို့ အတွက် အသက် ၃၂ နှစ်အရွယ် အတိတ် ဘ၀ (ယွန်းယူးဟိုင်) ဆီ နောက်ကြောင်း ပြန် အချိန်ခရီးသွားခဲ့တယ်။ အဲဒီအချိန် မှာ ပတ်ဆီဂျူး (ဂျန်ယုန်ဟွာ) က ချော မောပြီး ပါရမီအခံရှိတဲ့ ရုပ်သံ ထုတ်လုပ် သူအဖြစ် အဓိက ဇာတ်ကောင်နေရာက ပါဝင်ထားပါတယ်။