Marley & Me

Fox Family Movies
19 Mar 2017 - 6:30pm
လက်ထပ်ပြီးခါစ ဂျွန်နဲ့ ဂျင်းနီဂရိုဂန်တို့ဟာ မိသားစုတစ်စုစတင်ဖန်တီးဖို့ အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုချဖို့ တွေးဆနေကြတယ်။ ကလေးယူဖို့ ပြင် ဆင်ရာမှာ မသေချာသေးတဲ့ ဂျွန်က သူ့ရဲ့ကြောက်စိတ်ကို မိတ်ဆွေတစ်ဦးကို ဖွင့်ဟတိုင်ပင်ခဲ့တယ်။ ဂျင်းနီအနေနဲ့ အရင်ဦးဆုံး ခွေးလေးတစ်ကောင် မွေးဖို့ အကြံပေးပါတယ်။ ဒီတော့ လင်မယားနှစ်ယောက် ချစ်စရာကောင်းတဲ့ လက်ဘရာဒေါ ခွေးမျိုးလေး မာလီကို မွေးလိုက်ကြတယ်။ အဲဒီနောက်တော့ ၀ရုန်းသုန်းကား နှစ်ကာလများအတွင်း ဂျွန်နဲ့ ဂျင်းနီတို့ဟာ မာလီဟာ “ကမ္ဘာပေါ်မှာ အဆိုးဝါး ဆုံးခွေး” ဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ ဒါရိုက်တာ ဒေးဗစ်ဖရန်ကယ်လ် ရဲ့ မိသားစုနောက်ခံ ဟာသ ဒရာမာဇာတ်ကားပါ။ အိုဝင်ဝီလ်ဆင်၊ ဂျနီဖာ အင်နစ်္စတန်နဲ့ အယ်လင်အားကင်တို့ ပါဝင်ထားပါတယ်။