London Has Fallen

Fox Action Movies
3 Dec 2017 - 8:30pm
နာမည်ကျော် Olympus Has Fallen ကားရဲ့ကားတွဲသစ်ပါ။ ဇာတ်လမ်းက လန်ဒန်မြို့မှာ စပါတယ်။ ဗြိတိသျှဝန်ကြီးချုပ် ထူးဆန်းစွာ ကွယ်လွန်သွားတဲ့အခါ ဈာပနအခမ်းအနားကို အနောက်ကမ္ဘာက ခေါင်းဆောင်တွေ တက်ရောက်ဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ လုံခြုံရေးအဆင့်အမြင့်ဆုံး အဆိုပါ အခမ်းအနားဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ သတ်ကွင်းကြီး ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေ အသီးသီး လုပ်ကြံသတ်ဖြတ်ခံရပြီး လန်ဒန်မြို့ကြီး လဲပြိုတော့မယ့်အချိန်မှာ အမေရိကန် သမ္မတကတော့ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီကိစ်္စဟာ အမေရိကန် သမ္မတ (အာရွန်အက်ခ်ဟာ့ထ်)၊ သူ့ကိုယ်ရံတော် ထောက်လှမ်းရေးအကြီးအကဲ (ဂျရတ်ဘတ်္တလာ) နဲ့ အင်္ဂလိပ် ထောက်လှမ်းရေး အမ်အိုင်-၆ တို့အပေါ်မှာ လုံးဝ မူတည်နေပါပြီ။ ဒါရိုက်တာ ဘားဘက်နာဂျာဖီရဲ့ အက်ရှင် အသားပေး ဒရာမာ ဇာတ်ကားပါ။ အမေရိကန်ဒုသမ္မတအဖြစ် ၀ါရင့်မင်းသားကြီး မော်ဂန်ဖရီးမင်းက ပါဝင်အားဖြည့်ထားပါတယ်။