Little People, Big World

TLC
25 Jan 2018 - 6:35pm

မိဘနှစ်ပါးဖြစ်တဲ့ မက်ထ်နဲ့ အေမီရိုးလော့ဖ်တို့ဟာ အရပ် ၄ ပေပဲ ရှိတဲ့ လူပုမျိုးတွေပါ။ ဒါပေမဲ့ မတူကွဲပြားမှုတွေကို လက်မခံတတ်တဲ့ လောကမှာ အောင်မြင်မှုရဖို့ သနိ္နဋ္ဌာန် ချထားကြသူတွေပေါ့။ မက်ထ်ဟာ ဆီလီကွန်တောင်ကြားက အထင်ရှားဆုံး ကုမ်္ပဏီတစ်ခုနဲ့ စာချုပ် ချုပ်ဆို ဖို့ နီးစပ်နေပြီး စီးပွားရေးလောကမှာ အဆင့်အတန်းရှိသူ ဖြစ်နေပါပြီ။ မက်ထ်ဟာ အလုပ်လက်မဲ့ ဖြစ်သွားပြီးနောက် သူ့ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ သူဟာ အမေရိကန် လူပုလေးများအဖွဲ့အစည်းရဲ့ ဥက်္ကဋ္ဌဟောင်းလည်း ဖြစ်ပါတယ်။ သေလောက်တဲ့ ခွဲစိတ်ကုသမှုတစ်ခု၊ နျူကလီးယား ပုန်းခိုစခန်းတွေ၊ လုပ်ငန်းရဲ့အနာဂတ် စတာတွေဟာ ရိုလော့ဖ်မိသားစု ရင်ဆိုင်ရမယ့် လေပွေ ဖြစ်ရပ်တွေဖြစ်ပြီး သူတို့မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေကို ဆောင်ကြဉ်း လာမယ့် အရာတွေပါ။