Life in the Great Wetlands

Animal Planet
18 Jan 2018 - 2:00pm

ကြီးမားကျယ်ပြန့်တဲ့ စိမ့်တောမြေတွေဟာ သက်ရှိအမျိုးမျိုးတို့ရဲ့ အိမ် ရာ ဖြစ်ရုံသာမက ကမ်္ဘာကြီးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင် ပတ်သက်နေပါတယ်။ ဒါပေမဲ့ သဘာ၀၀န်းကျင်မှာ ကျက်စားနေကြတဲ့ တိရစ်္ဆာန်တွေအတွက်တော့ ရှင်သန်ရေးဟာ အမြဲတစေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးပါ။ ဒီအစီအစဉ်မှာ ရေနဲ့ မြေကြီးတို့ အမြဲတစေ ထိစပ်ပြောင်းလဲ နေတဲ့ ဧရာမ နယ်မြေအကျယ်အ၀န်းကြီးရဲ့ ဗဟိုချက်ဆီ အရောက်သွားထား ပါတယ်။ ဂေဘွန်က လိုအန်ဂို အမျိုးသားဘေးမဲ့တောက ရေလွှမ်းဇုန်တွေဟာ ထူးခြားဆန်းပြားပြီး ရှုပ်ထွေးတဲ့၊ မတူကွဲပြားတဲ့ သဘာဝ ၀န်းကျင်နယ်ပယ် လေးတွေကို ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ကမ်းခြေတွေ၊ ပရေရီမြက်ခင်း ပြင်တွေ၊ ရေပြာအိုင်တွေနဲ့ သစ်တောတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက် ဖြစ်ပေါ်နေတာ တွေ့မြင်ရပါလိမ့်မယ်။