The Life Aquatic With Steve Zissou

4HD2
19 Jan 2018 - 7:55pm

ထင်ရှားတဲ့ ပင်လယ်သမုဒ္ဒရာဆိုင်ရာ သိပံ်္ပပညာရှင် စတိဗ်ဇီဆူး (ဘီလ်မာရေး) ဟာ သူ့အဖွဲ့သားတစ်ဦးကို ၀ါးမျိုခဲ့တဲ့ ရှားပါး ငါးမန်း တစ်ကောင်ကို လက်စားချေဖို့ မကျေနိုင်မချမ်းနိုင် ဖြစ်နေတယ်။ သူ့အဖွဲ့ထဲကို ထပ်ရောက်လာသူတစ်ဦးက ဇီဆူးဟာ သူ့အဖေပဲလို့ ယုံကြည်နေတဲ့ အမျိုး သမီး ဂျာနယ်လစ် ဂျိန်း (ကိတ်ဘလန်းချက်) ပါ။ သူတို့တွေ ပင်လယ်ခရီး ထွက်ခဲ့ကြရာမှာ မကြာခဏ ပင်လယ်ဓားပြတွေနဲ့ တွေ့ကြုံရပြီး အခြေ အနေကို ပိုမို အကျပ်အတည်း ဖြစ်လာစေတာက ဇီဆူးရဲ့အတိတ်က လူပုဂိ္ဂုလ်တွေကြောင့်ပါပဲ။ ခပ်စိမ်းစိမ်းဖြစ်နေတဲ့ ဇနီးသည်အယ်လီနာ (အင်ဂျယ်လီကာဟပ်စတန်) လည်း အပါအ၀င်ပေါ့။ ဒါရိုက်တာ ၀က်စ် အန်ဒါဆင် ရိုက်ကူးတင်ဆက်တဲ့ စွန့်စားခန်း ဟာသ ဒရာမာဇာတ်ကားပါ။