Knight of Cups

Fox Movies
10 Apr 2017 - 7:30pm
စာရေးဆရာ ရစ်ခ်ဟာလော့စ် အိန်ဂျလိစ်နဲ့ လာ့စ်ဗေးဂတ်စ်တို့မှာ ချစ်ခြင်းမေတ္တာနဲ့ မိမိကိုယ်မိမိ ပြန်လည်ရှာဖွေပုံ တင်ဆက်ထားပါတယ်။ ရစ်ခ်ဟာ အိမ်ကြီးအိမ်ကောင်းတွေ၊ အပန်းဖြေရိပ်သာတွေ၊ ကမ်းခြေတွေ၊ ကလပ်တွေကို လှည့်လည်နေတဲ့ အချိန်မှာတောင် ညီအစ်ကိုတော်၊ ဖခင်တို့နဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေး ပြဿနာတွေနဲ့ နပန်းလုံးနေရတယ်။ မနှစ်သက်မှု ကျိန်စာကိုချိုးဖျက်ဖို့ ရှာပုံတော်ဟာ အမျိုးသမီး ၆ ဦးနဲ့ စွန့်စားခန်းတွေ တွေ့ကြုံခဲ့ရတယ်။ ဒီလိုနဲ့ရစ်ခ်ဟာ အံ့သြမင်တက်မှုနဲ့ အတူ ထူးဆန်းတဲ့ အိပ်မက်ဆန်တဲ့ လွတ်မြောက်မှုတစ်ခုကို ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ သူ့အနီးမှာတင် ရှိနေတဲ့ အလှတရား၊ လူသားဖြစ်မှုနဲ့ ဘ၀ စည်းချက်တွေအတွက် သူ နိုးထလာနိုင်ပါ့မလား။ ဘ၀အဓိပ္ပာယ်က ရှာဖွေလေ၊ ခရီးစဉ်က ပိုရှည်လေ ဖြစ်နေရတယ်လေ။ ဒါရိုက်တာ တဲရင့်စ်မာလစ်ရဲ့ သတ္တမမြောက် ဇာတ်ကားဖြစ်ပြီး ခေတ်ပေါ်ဘ၀နဲ့ မှတ်ဉာဏ်၊ မိသားစု၊ ချစ်ခြင်းမေတ္တာ ...ကိုယ်ရေးကိုယ်တာအတွေ့အကြုံတွေနဲ့ ပတ်သက်လို့ အမြင်နှစ်ရပ်ကို တင်ဆက်ထားပါတယ်။ ခရစ်ရှန်း ဘေးလ်၊ ကိတ်ဘလန်းချက်နဲ့ နာတာလီ ပေါ့ထ်မင်း စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ဇာတ်ကားပါ။