#killerpost

CI
2 Apr 2017 - 8:25pm

ပါးစပ်ဟပြီး အံ့အားသင့်၊ တုန်လှုပ်သွားရလောက်တဲ့ မှုခင်း ဖြစ်ရပ်မှန်တွေကို တင်ဆက်ထားပါတယ်။ လူမှုမီဒီယာပေါ်က အပြုအမူတွေကြောင့် အန်္တရာယ်ကြီးမားပြီး သေစေနိုင်လောက် တဲ့ အကျိုး ဆက်တွေ ဖြစ်ပွားစေခဲ့တဲ့ မှုခင်းဖြစ်ရပ်တွေပါ။ အဲဒီ မှုခင်းတွေမှာ သဘောသဘာဝအရ ကွဲပြားပေမဲ့ ယေဘုယျ ကျောရိုးတစ်ခု ရှိနေပါတယ်။ လူမှုမီဒီယာပို့စ်တွေဟာ ဆိုးဆိုးဝါးဝါး ဂယက်ရိုက်ခတ်မှုတွေရဲ့ မူလအစဖြစ်တယ်ဆိုတာပါပဲ။ မှုခင်းနဲ့ မှုခင်းနောက်ကွယ်က ဖြစ်ရပ်တွေကို ရုပ်ရှင်ဆိုင်ရာ ပြန်လည် ဖန်တီးတင်ပြမှုတွေနဲ့ သက်သေတွေရဲ့အစစ်ခံချက်တွေ၊ ကျွမ်းကျင် ပညာရှင်တွေနဲ့ မေးမြန်းပြောဆိုချက်တွေနဲ့ ပေါင်းစပ်ပြီး သွေးခုန်နှုန်း မြန်စေမယ့် အပိုင်းတစ်ပိုင်းစီမှာ ဖေ့စ်ဘုတ်ပေါ်က ပို့စ်၊ ပုက် (Poke)၊ ဒါမှမဟုတ် တွစ်တာ တွိတစ်ခုကတောင် အကြမ်းဖက်မှုဆန်ပြီး သေစေနိုင်လောက်တဲ့ ရလဒ်တွေ ဖြစ်ပွားစေပုံ တင်ပြထားတာပါ။