Kevin Can Wait

Star World
10 Apr 2017 - 8:00pm

ကယ်ဗင်ဂေဘယ်လ် (ကယ်ဗင်ဂျိမ်းစ်) ဟာ လောင်းအိုင်း လင်းက ရဲ ၀န်ထမ်းဖြစ်ပြီး အသက် ၄၅ နှစ်အရွယ်မှာ အနား ယူခဲ့တယ်။ နေ့ဘက်မှာ ဘော်ဒါတွေနဲ့ သောက်မယ် စားမယ်၊ ကစားပွဲတွေ သွားမယ်။ နောက်ဆုံးမှာတော့ ကိုယ်ပိုင်အချိန်လေး တချို့ ရှိမယ်ပေါ့။ ဒါပေမဲ့ သူ အလျင်အမြန် သိလိုက်ရတာက မိသားစု လိုအပ်ချက်ကြောင့် သူ့ရဲ့ကိုယ်ပိုင်အချိန် သိပ်မရ နိုင်ဘူး ဆိုတာပါပဲ။ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူ ဆာရာ (မေရီ ချားလ်စ်ဂျုန်းစ်) နဲ့ ၁၀ နှစ်အရွယ် သားတော် မောင် ဂျက် (ဂျိမ်းစ်ဒီဂီယာကိုမို) တို့က ကျောင်းမှာ ပြဿနာ လေးတွေ ရှိနေတယ်။ အသက် ၂၀ အရွယ် ကင်ဒရာ (တေလာ စပရိတ်္တလာ) ကလည်း အံ့အားသင့်စရာလေးတွေနဲ့အတူ ကောလိပ်ကနေ အိမ်ပြန်ရောက်လာပါတော့မယ်။