Kate Plus 8

TLC
16 Mar 2017 - 10:45pm
ကိတ်ဂေါ့စလင်းနဲ့သူ့သားသမီး တစ်စုတို့ဟာ စွန့်စားခန်းသစ်အတွက် အသင့်ဖြစ်နေကြပြီ။ ကလေးတွေနဲ့ ကိတ်တို့ဟာ စွန့်စားခန်းအသစ်တွေ တွေ့ကြုံကြရပြီး နေ့စဉ်စိန်ခေါ်မှုတွေကို ကိုယ်တွယ် ဖြေရှင်းနေကြတယ်။ ဂေါ့စလင်းမိသားစုဟာ အိမ်အလုပ်တွေကို လုပ်၊ စိတ်လှုပ်ရှားဖွယ်ရာ နေရာသစ်တွေဆီ ခရီးသွားကြပုံတွေကို သူတို့နဲ့အတူ လိုက်ပါ တွေ့ကြုံ ကြရပါလိမ့်မယ်။အထူးတင်ဆက်မှု အပိုင်း Inside Kate's World မှာ မကြာသေးခင်ကမှ တစ်ကိုယ်တော် မိခင်ဖြစ်လာတဲ့ ကိတ်ရဲ့ နေ့စဉ်ဘ၀ ထဲကို ၀င်ရောက် ရှုစားကြရမှာပါ။ ကိတ်နဲ့ ကောင်းကောင်းကြီး ရင်းနှီး သူတွေ၊ ရုပ်သံတင်ဆက်သူ၊ ဂျာနယ် လစ်တွေနဲ့ အင်တာဗျူးတွေ ပါဝင် လာမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ လတ်တလော လပိုင်းတွေအတွင်း ကိတ် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ သူမရဲ့ ရည်မှန်းချက်တွေကို ဘယ် အရာက အမှန်အကန် တွန်းအားပေး နေသလဲ ဆိုတာတွေ ရှုစားရမှာပါ။