Kamisama Kiss Season

Animax
18 Mar 2017 - 8:30am
အိဇုမိုမှာ နတ်တွေ စုဝေးကြတဲ့ နှစ်ပတ်လည် အခါသမယ။ မိကဂဲမြေ နတ်ကွန်းက  နာနာမိဟာ စမ်းသပ်မှု အောင်မြင်ခဲ့ရင် အဲဒီ နှစ်ပတ်လည်စည်းဝေးပွဲကို သွားဖို့ သင့်လျော်ပါတယ်။ တိုမိုအဲက သူမ ကို နတ်သဘင်အစည်းအဝေး တက်စေ ချင်တယ်လို့ အသေအချာ မပြောသော် ငြားလည်းပေါ့။ တိုမိုအဲဟာ အတိတ်က မြေခွေး ယိုကိုင်း ဖြစ်ခဲ့တာကြောင့် အခြား နတ်တွေနဲ့ဆက်ဆံရေးမှာ အဆင်မပြေ လှပါဘူး။ ဒီတော့ နာနာမိနဲ့အတူ နတ် သဘင် အစည်းအဝေးတက်ဖို့ ခက်ခဲ ပေမဲ့ မိဇုကိနဲ့အတူ သွားတက်ခိုင်းဖို့တော့ မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ သူ့အတိတ် တစ္ဆေ အခြောက်ခံရတာက ကိစ္စမရှိလှပါဘူး။ သူနဲ့ ရင်းနှီးခဲ့ဖူးတဲ့ မကောင်းဆိုးဝါး ဆန်တဲ့ အကုရအို ပြန်လာပြီး ကိရိဟိတို ဆိုတဲ့ သေဆုံးသွားတဲ့ကျောင်းသားတစ်ဦး ရဲ့ ခန္ဓာကိုယ်ကို ရယူလိုက်တယ်။ အကုရအို ဟာ သူ့ရဲ့ တကယ့်ခန္ဓာကိုယ်ကို ပြန်လည် ရယူချင်နေပြီး အဲဒီအတွက် မြေအောက် လောကထဲမှာ နည်းလမ်းရှာကြံပါလိမ့်မယ်။ နာနာမိက သူ့အတွက် မြေအောက်လောကရဲ့ လက်မှတ်တစ်စောင် ဖြစ်နိုင်ပါတယ်။ အကယ်၍ အဲဒီလိုမဖြစ်ခဲ့ရင်တော့ ကုရမ တောင်ပေါ်မှာ သူ့အတွက် အဖြေတစ်ခု ရှိကောင်းရှိနေမှာပါ။
 
I BECAME A GOD AGAIN 1
လေနတ် အော့တိုဟိကိုဟာ နာနာမိ အရင် ရောက်လာပြီး တကယ်လို့ နာနာမိ အနေနဲ့ စမ်းသပ်ချက်ကို အောင်မြင်ခဲ့ရင် အိဇုမိုက နတ်သဘင် အစည်းအဝေးကို တက်ရောက်နိုင်တယ်လို့ ပြောပါတယ်။