K

Animax
10 Apr 2017 - 6:00pm

“ဘုရင်တွေ”ဟာ သူတို့ရဲ့မျိုးနွယ်စုထဲ အခြားသူတွေကို ဆွဲဆောင် ခေါ်ယူနိုင်စွမ်းသူတွေ၊ သဘာဝလွန် စွမ်းအင်တွေနဲ့တကွ အာဏာအပ်နှင်းခြင်း ခံရသူတွေပေါ့။ မျိုး နွယ်စုဝင်တွေရဲ့ ဂုဏ်သိက္ခာနဲ့ ဘ၀တွေ ကို အကာအကွယ်ပေးခြင်းဟာ ဘုရင်တွေရဲ့ တာဝန်ပါပဲ။ အနီရောင် မျိုးနွယ်စုဝင်တစ်ဦး သတ်ဖြတ်ခံရတာကို ပုံဖော်ထားတဲ့ ဗီဒီယို တစ်ခု ပျံ့နှံ့သွားပြီးနောက် ရိုရိုကျိုးကျိုး နေတတ်တဲ့ ကျောင်းသားလေး ယရှိရို အိဆနတစ်ယောက် စွပ်စွဲခံရပါတယ်။ အခုတော့ သူ့နောက်ကို လိုက်နေပြီဖြစ်ပြီး မကောင်းသတင်းနဲ့ ကျော်ကြားတဲ့ ဓားရေး ကျွမ်းကျင်သူ၊ ကိုယ်ခံပညာရှင် “ခွေးနက်”ကုရိုအုယာတိုဂါမိနဲ့ ဆက်သွယ်မိခဲ့ပါတယ်။ ခွေးနက်ဟာ သတ္တမမြောက်ဘုရင်အမည်ရှိ ကွယ်လွန်သူ ဆရာသခင်ရဲ့ဆန္ဒကို လိုက် နာဖို့ ဆုံးဖြတ်ထားသူပါ။ တစ်ချိန်တည်းမှာပဲ လက်ရှိ အနီရောင်ဘုရင် မိကိုတိုဆုအိုအုဟာ ယရှိရိုကို ရှာဖွေရာမှာ ကြီးမားတဲ့ အပျက်အစီးနဲ့ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ ယရှိရိုဟာ သူ အပြစ်ကင်းကြောင်း သက် သေပြဖို့ ခက်ခဲနေချိန်မှာ ပိုမိုကြီးမားတဲ့ လျှို့ဝှက် ပူးပေါင်းကြံစည်မှုကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ သူ့မှတ်ဉာဏ်မှာ တိမ်တိုက်တွေ ကင်းစင်စပြုလာပြီး ခင်မင်တဲ့ သူငယ်ချင်းတွေက သူ ရှိနေသေးသလားဆိုတာ မေးခွန်းထုတ်စ ပြုလာကြတယ်။ ကမ္ဘာလောကကြီးရဲ့ကံကြမ္မာဟာ သေရေး ရှင်ရေးဖြစ်လာမှုနဲ့အတူ ရိုးစင်းတဲ့ သတ် ဖြတ်မှုတစ်ခုက ဘုရင်တွေကြား စစ်ပွဲကြီး တစ်ပွဲဖြစ်လာမယ့် အလားအလာဆီ ဦးတည်စေခဲ့ပါပြီ။