Jugglers

KBS World
17 Jan 2018 - 8:20pm

ယွန်းယိ (ဘိတ်ဂျင်ဟီး) က အတွင်းရေးမှူး အလုပ်ကို ၅ နှစ်ကြာ လုပ်ကိုင်ခဲ့သူပါ။ အလုပ်အပေါ် သစ်္စာရှိပြီး ဘ၀ကို မြှုပ်နှံထားသူပေါ့။ သူမဟာ အတွင်းရေးမှူးတွေအတွက် အင်တာ နက် အသိုင်းအ၀န်းလေး တစ်ခုကိုလည်း လုပ်ကိုင်နေပါတယ်။ တစ်နေ့တော့ အလုပ်ရှင်ရဲ့ ဇနီးသည်က သူမရဲ့ခင်ပွန်းသည်ဟာ ယွန်းယိနဲ့ ဖြစ်နေတယ်လို့ မှားယွင်း စွပ်စွဲခံခဲ့ရပါတယ်။ ဒီအပုပ် နံ့က ကုမ်္ပဏီတစ်ခုလုံး ပြန့်သွားပေမဲ့ အလုပ်ရှင်ကတော့ ယွန်းယိနဲ့ မဟုတ်ဘဲ သူ့ဘာသာသူ အငယ်အနှောင်း ရှိနေတာကြောင့် ယွန်းယိ ကိစ်္စကို မဖြေရှင်းခဲ့ပါဘူး။ တကယ်တော့ ယွန်းယိက ရာထူးတိုးဖို့ မျှော်လင့်နေတာဖြစ်ပြီး အခုတော့ အခြေအနေ ဆိုး သွားပြီပေါ့။ အဲဒီအချိန်မှာ ချိဝန်း (ဒန်နီယယ်ချွိုင်) က ၀ိုင်ဘီ အက်ဒ်က ဗီဒီယိုလုပ်ငန်း ဌာနတစ်ခုမှာ မန်နေးဂျင်းဒါရိုက်တာ ရာထူးအတွက် လျာထားခံနေရတယ်။ သူဟာ ငယ်စဉ်က မီးလောင်မှုတစ်ခုကြောင့် စိတ်ဒဏ်ရာရှိနေခဲ့သူပါ။ နောက်တော့ ယွန်းယိတစ်ယောက် ၀ိုင်ဘီအက်ဒ်မှာ ချိဝန်းရဲ့ အတွင်းရေးမှူး အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ချိဝန်းက ယွန်းယိကို မလို အပ်ဘူးလို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ယွန်းယိက သူ အလုပ် ကြိုးစားလုပ်ပါ့မယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ တစ်ညနေမှာ ချိဝန်းရဲ့အလုပ်ရှင်က ချိဝန်းနဲ့ ယွန်းယိတို့ကို ညစာစားပွဲဆီ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီမှာ ယွန်းယိတစ်ယောက် အမူးလွန်ပြီး ချိဝန်းက အိမ်ကို ပြန်ပို့ပေးခဲ့ပါတယ်။ ဖြစ်ချင်တော့ ချိဝန်း ငယ်စဉ်က မီးလောင်မှုကြုံတွေ့ခဲ့ရပြီး စိတ်ဒဏ်ရာရခဲ့တဲ့ အိမ်ဟာ ယွန်းယိနေတဲ့ အိမ် ဖြစ်နေခဲ့တာပါပဲ။ ဒီဇာတ်လမ်းကို အပတ်စဉ် အင်္ဂါ၊ ဗုဒ်္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။