Journey to the West: The Demons Strike Back

4HD Channel
19 Jul 2017 - 7:00pm

တန်ဘုန်းတော်ကြီးဟာ အနောက်သို့ ခရီးရှည်မှာ တပည့် ၃ ဖော်ကို အတူခေါ်ဆောင် လာတယ်။ အပြင်လောကမှာ အရာအားလုံးဟာ လိုက်လျောညီထွေ ဖြစ်နေပုံပါပဲ။ ဒါပေမဲ့ တင်းမာမှုတွေ ပေါ်ပေါက်လာပြီးနောက် သူတို့ရဲ့နှလုံးသားတွေနဲ့ စိတ်တွေဟာ သဘောတူညီမှု မရကြတော့ပါဘူး။ မကောင်းဆိုးဝါးတွေနဲ့ အကြိမ်ပေါင်းများစွာ ရင်ဆိုင် တွေ့ကြုံရပြီးနောက်မှာတော့ ဘုန်းတော်ကြီးနဲ့ သူ့တပည့်တွေဟာ တစ်ဦးနဲ့တစ်ဦး တရင်းတနှီး နားလည်မှုရလာခဲ့ကြတယ်။ နောက်ဆုံးမှာတော့ သူတို့အားလုံး စိတ်တွင်း ပဋိပက်္ခတွေကို ဖြေရှင်းကြပြီး မကောင်းဆိုးဝါးတွေကို အနိုင်ရတဲ့ ခရီးသည်အဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့ကြပါတယ်။ ဒါရိုက်တာ ဟာ့ရွှေရဲ့ စိတ်ကူးယဉ် စွန့်စားခန်း ဟာသဇာတ်ကား ဖြစ်ပြီး ခရစ္စ၀ူ၊ ကင်နီလင်း၊ ချင်းယောင်တို့ ပါဝင်ထားပါတယ်။