The Jackal

4HD Channel
20 Jan 2018 - 9:00pm
မော်စကို ညကလပ် တစ်ခုကို အက်ဖ်ဘီအိုင်က ၀င်ရောက်စီးနင်း စဉ်မှာ ရုရှ ဒုစရိုက် ဂိုဏ်းသား တဲရက်မူရဒ် (ဒေးဗစ်ဟေးမင်း) ရဲ့ ညီအစ်ကိုတော် သေဆုံးခဲ့ရတယ်။ အဲဒီအတွက် မူရဒ်က လက်စားချေ ချင်နေပြီး အက်ဖ်ဘီအိုင် လက် ထောက် ဒါရိုက်တာ ကာတာပရက်စ် တန် (ဆစ်ဒနီပွိုင်တီယေး) ကို သတ် ဖြတ်ဖို့ ဂျက်ကဲလ် (ခွေးအ/ဘရုစ် ၀ီးလစ်္စ) ဆိုတဲ့ အမည်ဝှက်နဲ့ လူသတ် သမားကို ငှားရမ်းခဲ့ပါတယ်။ ပရက် စတန်ဟာ ရုရှအေးဂျင့် ဗယ်လင်တီနာ ကော့စ်လိုဗာ (ဒိုင်းယန်းဗင်နိုရာ) ရဲ့အကူအညီနဲ့ ခွေးအ ဘယ်လိုကျော်ကြား သလဲဆိုတာသိတဲ့ တစ်ယောက်တည်းသောသူကို ရှာဖွေခဲ့ပါတယ်။ အဲဒီလူ ကတော့ အကျဉ်းကျနေတဲ့ အိုင်အာရ်အေ အကြမ်းဖက်သမား ဒက်္ကလန်မားလ် ကီးန် (ရစ်ချဒ်ဂီယာ) ပါပဲ။ ပရက်စတန်ဟာ ဒက်္ကလန်ရဲ့အကူအညီ ရယူပြီး ခွေးအကို ခြေရာခံပါတော့တယ်။ ဒါရိုက်တာ မိုက်ကယ်ကေတန်ဂျုန်းစ် ရိုက်ကူးတင်ဆက်တဲ့ (၁၉၉၇ ခုနှစ်) မှုခင်း အက်ရှင် ဒရာမာဇာတ်ကားပါ။