Is It Real:Life On Mars

NGC
11 Apr 2017 - 5:30pm
သဘာဝလွန် ဖြစ်အင်တွေ  အကြောင်း ဒီကနေ့ ခေတ်ပေါ်ဒဏ္ဍာရီ ၀တ္ထုတွေထဲက အချက်အလက်တွေ ကို စူးစမ်းလေ့လာ တင်ဆက်ထား ပါတယ်။ သီးနှံခင်းတွေထဲမှာ ဘာ ကြောင့်မှန်းမသိဘဲ သီးနှံပင်တွေ စက်ဝိုင်းသဏ္ဌာန် လဲကျတဲ့ ဖြစ်ရပ်နဲ့ သရဲတစ္ဆေ ဇာတ်လမ်းတွေလို ယေ ဘုယျဆန်တဲ့ ဒဏ္ဍာရီတချို့နဲ့အတူ လူတစ်ယောက် အလိုအလျောက် လောင်ကျွမ်းတဲ့ ဖြစ်ရပ်လို ထူးခြား ဆန်းကြယ်တဲ့ ဖြစ်ရပ်တချို့ကိုလည်း တင်ဆက်ထားပါတယ်။ ဒီအစီအစဉ် က အဆိုပါဖြစ်ရပ်တွေကို သံသယ ရှိတဲ့၊ အယုံအကြည် ကင်းမဲ့တဲ့ အမြင်ရှုထောင့်ကနေ စူးစမ်းလေ့လာ ကြည့်ပါတယ်။ “အိုး ဟုတ်မှာပေါ့နော်၊ ဒီတော့ သက်သေပြလေ”ဆိုတဲ့ သဘော ထားမျိုးနဲ့ ချဉ်ကပ်ထားတာပါ။ သဘာဝ လွန် ဖြစ်ရပ်ဆန်းရယ်လို့ သမုတ်ကြ တဲ့ ဖြစ်ရပ်တွေကို ယုံကြည်သူတွေ ရှိနေသလို သိပံ္ပနဲ့ သက်သေပြနိုင် တာကိုပဲ ယုံမယ်ဆိုတဲ့ လူစားတွေ လည်း ရှိနေပါတယ်။ ဒီအစီအစဉ် က ယုံကြည်သူတွေ၊ သံသယရှိသူ တွေနဲ့အတူ အိပ်ပျော်ရင်း လမ်းလျှောက် လူသတ်သမားတွေ၊ ခရစ်တော် သံ မှိုစွဲချက် ၅ ချက်လို အမာရွတ်၊ တစ် ၀က် အရွယ်အစားပဲရှိတဲ့လူသားတွေ၊ သွေးစုပ် ညသားရဲကောင်တွေဆိုတဲ့ တကယ်များလားလို့ ဆုံးဖြတ်ဖို့ခက်တဲ့ အမှန်တရားနဲ့ ဒဏ္ဍာရီတွေကို လှစ်ဟ ဖော်ထုတ် တင်ဆက်ထားပါတယ်။