Impossible Engineering

Discovery
7 Apr 2017 - 8:20pm

မဖြစ်နိုင်ဘူးထင်ရတဲ့ ခေတ်မီ အင်ဂျင်နီယာပညာရပ်ရဲ့ နောက် ကွယ်မှာ သမိုင်းဝင် ရှေ့ဆောင် လမ်းပြသူတွေ ရှိနေပါတယ်။ သူ တို့ဟာ အဆောက်အအုံဆိုင်ရာ နည်း ပညာသစ်တွေကို ဒီဇိုင်းတွေ ဖန်တီး ခဲ့ကြ၊ စွန့်စားမှုတွေ လုပ်ခဲ့ကြပြီး သူတို့ရဲ့နယ်ပယ်မှာ တော်လှန် ပြောင်း လဲခဲ့ကြပါတယ်။ အပိုင်းတစ်ပိုင်းစီမှာ ဧရာမ အဆောက်အအုံကြီးတွေ၊ စံချိန်ချိုးတဲ့ အဆောက်အဦတွေ၊ စစ်သင်္ဘောတွေ၊ အာကာသယာဉ် တွေကို ဘယ်လိုတည်ဆောက်၊ ဘယ် လို အလုပ်လုပ်ခဲ့ကြသလဲ ဆိုတာ တွေကို အသေးစိတ် တင်ဆက်ထား ပါတယ်။ ဒီအစီအစဉ်က ဒီကနေ့ ခေတ်ပေါ် ဖန်တီးမှုတွေကို တင်ပြရင်း နဲ့ သမိုင်းခေတ်တွေထဲက ထူးခြား တဲ့ အင်ဂျင်နီယာပညာရဲ့ တိုးတက် ပြောင်းလဲပုံတွေကိုလည်း နောက် ကြောင်းပြန် တင်ဆက်ထားပါသေး တယ်။ ဘိုးဘေးဘီဘင်တွေရဲ့ သမိုင်း ၀င် လုပ်ဆောင်ချက်တွေ မရှိဘဲနဲ့ ဒီကနေ့ခေတ်မီ အဆောက်အအုံတွေ ဘယ်လိုတည်ရှိနေပါ့မလဲ။ အင်ဂျင် နီယာ ပညာဘက်က ပြောရေး ဆို ခွင့်ရှိသူတွေနဲ့ အင်တာဗျူးတွေက တစ်ဆင့် အင်ဂျင်နီယာ ပညာ သမိုင်းကြောင်းကို ပြန်လည်ပုံဖော် အသက်သွင်းထားသလို အဆိုပါ အောင်မြင်မှုတွေက ဒီကနေ့ ခေတ် ပေါ်လောကကို ပုံဖော်ဖန်တီးပေးပုံ တွေကို ပြန်ပြောင်းပြောပြ တင်ဆက်ထား ပါတယ်။ တရုတ်နိုင်ငံက ချောက် နက် ၃ ခု ဆည်ကြီးဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ အလေးလံဆုံး ကွန် ကရိ အဆောက်အအုံကြီးပါ။ တည် ဆောက်ခဲ့ဖူးသမျှ ရေအားလျှပ်စစ် ဆည်တွေ အားလုံးထက် ပိုပြီး လျှပ် စစ်ဓာတ် ထုတ်ပေးနိုင်ပါတယ်။