The Great Australian Bake Off Season 3

Fyi
18 May 2017 - 7:30pm

တစ်နှစ်တာ နားထားပြီးနောက်The Great Australian Bake Off  ပြန်လာပါပြီ။ နောက်ထပ် ရက်သတ်္တ ၁၀ ပတ်အတွင်း မုန့်ဖုတ်သမား ၁၂ ဦးတို့ဟာ (အကယ်၍ နောက်ဆုံးဖိုင်နယ်ပွဲစဉ် ရောက်မယ်ဆိုရင်) စိန်ခေါ်မှု ပေါင်း ၃၀ လောက်ကို စတင် ယှဉ်ပြိုင်ကြတော့မှာပါ။ အပတ်စဉ်တိုင်း မုန့်ဖုတ်သမားတစ်ဦးက “ကြယ်ပွင့်”အဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး အခြား ပြိုင်ပွဲဝင်တစ်ဦးကတော့ ပြိုင်ပွဲကနေ ထွက်ခွာရပါလိမ့်မယ်။ နောက်ဆုံး ကျန်ရစ်သူကတော့ “သြစတြေးလျရဲ့ အတော်ဆုံး အပျော်တမ်း မုန့်ဖုတ် သမား သရဖူ” ဆောင်းမယ့်သူပေါ့။