Fright Night

Fox Action Movies
16 Mar 2017 - 11:45pm
တွမ်ဟော်လန်ရဲ့ မူရင်းဇာတ်ကားကို ၂၀၁၁ ခုနှစ်မှာ ခရိဂ်ဂီလက်စပီ ပြန်လည်ရိုက်ကူးတဲ့ အမေရိကန် ဟာသထိတ်လန့်သည်းဖို ဇာတ်ကားပါ။ ဆယ်ကျော်သက်ရွယ် ကောင်လေးတစ်ယောက်က သူ့အိမ်နီးချင်းဟာ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကို သိလိုက်ရပြီးနောက် သူတို့နှစ်ဦး တိုက်ခိုက်ကြ ရပုံ ဖော်ကျူးထားပါတယ်။ ဒီဇာတ်ကားဟာ ထုတ်လုပ်ရေးစရိတ် ဒေါ်လာသန်း ၃၀ ရှိခဲ့ပြီး ဒေါ်လာ ၄၁ သန်းလောက် ပြန်လည်ရရှိ အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် ဟာသ၊ သရုပ်ဆောင်မှု၊ အထူးသဖြင့် ကောလင်းဖာရဲလ်ရဲ့ သရုပ်ဆောင်မှု၊ ဇာတ်ကျောရိုး၊ အထူးပြုလုပ်ချက်တွေနဲ့ ပတ်သက်လို့ ဝေဖန်ရေး ဆရာတွေရဲ့ အကောင်းမြင် ရေးသားမှုတွေ ရရှိခဲ့ပါတယ်။ အန်တင်ယဲ့လ်ချင်၊ ကောလင်းဖာရဲလ်၊ ဒေးဗစ်တင်းနန့်တို့ ပါဝင်ထားပါတယ်။