Free Willy 2 : The Adventure Home

Fox Family Movies
19 Jan 2018 - 6:30pm
လူကြိုက်များခဲ့တဲ့ မူရင်းဇာတ်ကားကို ကားတွဲ ဆက်လက် ရိုက်ကူးထားတာပါ။ ဆယ်ကျော်သက် ကလေး ဂျက်ဆီ (ဂျေဆင် ဂျိမ်းစ် ရစ်ခ်ျတာ) ကမွေးစား မိဘတွေ (မိုက်ကယ်မက်ဒ်ဆင်၊ ဂျေးန် အက် ကင်ဆန်)နဲ့အတူ နေထိုင်ပြီး သူ့မှာ အဲလ်ဗစ်္စ (ဖရန်စစ်ကက်ပရာ) ဆိုတဲ့ မအေတူ အဖေကွဲ ညီအစ်ကို တစ်ယောက်လည်း ရှိနေပါတယ်။ ဂျက်ဆီဟာ သူနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ (အသားစား) ဝေလငါး ၀ီလီဟာ ပင်လယ်ပြင်မှာ ရေနံတွေယိုစိမ့်မှုကြောင့် ဒုက္ခရောက်နေတာကို တွေ့ရတဲ့အခါ သူ ကြိတ်ကြွေနေတဲ့ ကောင်မလေး နာဒင်း (မေရီကိတ်ရှဲလ်ဟာ့ဒ်)၊ အဲလ်ဗစ်္စတို့နဲ့အတူ ယိုစိမ့်နေတဲ့ရေနံတွေ၊ လောဘဇောတိုက်နေတဲ့ လုပ်ငန်းရှင်တွေ လက်ထဲကနေ ဝေလငါးလေးကို ကယ်တင်ဖို့ ကြိုးပမ်းကြပုံ ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒါရိုက်တာ ဒွိုက်အိပ်ခ်ျလစ်တဲလ်ရဲ့ မိသားစုစွန့်စားခန်း ဒရာမာဇာတ်ကားလေးပါ။