Forged In Fire Season 4

History
18 May 2017 - 7:30pm
လက်နက်ကျွမ်းကျင်သူ၊ အမေရိကန်စစ်တပ်နဲ့ လေတပ် စစ်မှုထမ်းဟောင်း ၀ီလ်ဝီးလစ်္စ ဧည့်ခံတင်ဆက်တဲ့ ပြိုင်ပွဲအသွင် မူရင်းစီးရီးပါ။ ကမ္ဘာ့အဆင့် ဓားရှည် ပန်းဘဲသမားတွေ ထင်ရှားတဲ့ သမိုင်းဝင် လက်နက်တွေကို ဖန် တီး ယှဉ်ပြိုင်ကြပုံတွေကို တင်ဆက်ထားပါတယ်။ အပိုင်းတစ်ပိုင်းစီမှာ နိုင်ငံအတွင်းက အတော်ဆုံး ပန်းဘဲသမား ၄ ဦးတို့ဟာ သူတို့ရဲ့ကျွမ်းကျင်မှု၊ ကျော်ကြားမှုတွေနဲ့အတူ ဒေါ်လာ ၁၀,၀၀၀ ဆုကြေးငွေအတွက် ထိပ်တိုက် ရင်ဆိုင် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ သူတို့ဖန်တီးတဲ့ လက်နက် (ဓား) တွေရဲ့ စွမ်းအားနဲ့ ထက်မြမှုတွေကို အစမ်းသပ်ခံကြရမှာဖြစ်ပြီး ကျွမ်းကျင် အကဲ ဖြတ် ဒိုင်တွေဖြစ်တဲ့ ဒေးဗစ်ဘိက္ကာ၊ ဒေါက်မာကေးဒါနဲ့ အေဘီအက်စ် မာ စတာ ဓားပန်းပဲသမားတွေဖြစ်ကြတဲ့ ဂျေနီးဆင်နဲ့ ဂျေဆင်နိုက်တို့ရဲ့ ဝေဖန် ချေချွတ်မှုတွေကိုလည်း ခံနိုင်ရည်ရှိရပါလိမ့်မယ်။ ခုစတုတ္ထရာသီမှာ စိန်ခေါ်မှု အသစ်တွေ ပါဝင်လာမှာဖြစ်ပြီး အထူးအပိုင်းတွေလည်း ပါဝင်လာပါလိမ့် မယ်။ အားလုံးအသစ် ပြိုင်ပွဲအစီအစဉ်မှာ အမေရိကန် ပြည်ထောင်စုက အတော်ဆုံး ဓားလက်နက် ဖန်တီးသူတွေဟာ ဗိုက်ကင်း တိုက်ပွဲဝင် ပုဆိန် တွေကနေ ဆာမူရိုင်း ဓားရှည်၊ အိနိ္ဒယ ဓားကောက်တို့အထိ ထိပ်တိုက် ရင်ဆိုင် ယှဉ်ပြိုင်ကြမှာပါ။ အပတ်စဉ် လက်နက်အသစ်တွေနဲ့ ပြိုင်ပွဲဝင် အသစ်တွေ ပါဝင်လာမှာဖြစ်ပြီး သူတို့ရဲ့ဖန်တီးမှုတွေကို အံ့သြမင်တက်ရ လောက်တဲ့ စမ်းသပ်မှုတွေကိုလည်း ရှုစားကြရပါလိမ့်မယ်။ အပိုင်းတစ်ပိုင်း စီဟာ သီးသန့်စီဖြစ်ပြီး ပြိုင်ပွဲဝင် ၄ ဦးတို့ဟာ သူတို့ဖန်တီးတဲ့ လက်နက် တွေက အခြားသူတွေ ဖန်တီးတာတွေထက် ပိုမိုကောင်းမွန်ကြောင်း သက်သေပြရပါလိမ့်မယ်။ ဒီပြိုင်ပွဲ/အစီအစဉ်ဟာ လက်နက်ဖန်တီးမှု ဆိုင်ရာ လက်မှုပညာ၊ ဒဏ္ဍာရီနဲ့ စိတ်လှုပ်ရှားမှုတွေကို ဇ၀နဉာဏ်၊ ကြံရည် ဖန်ရည်ရှိမှု၊ ထွင်ဉာဏ်တွေအဖြစ် ပြောင်းလဲပစ်မယ့် အစီအစဉ်ပဲ ဖြစ်ပါ တယ်။