Finding Escobar's Million : La Familia

Discovery
3 Dec 2017 - 7:30pm

တစ်ခါက ကမ္ဘာပေါ်မှာ ရဲတွေ အဖမ်းဆီးချင်ဆုံး တရားခံဖြစ်ခဲ့တဲ့ ပတ်ဘလို အက်စ်ကိုဘာဟာ သူ့ရဲ့ကြွယ်ဝမှု ဒေါ်လာဘီလျံ ၅၀ ကို ကိုလံဘီယာနိုင်ငံ တစ်လွှားမှာ မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက အများစုဟာ ခုချိန်တိုင်အောင် မတူးဖော်ရသေးပါဘူး။ အခုတော့ စီအိုင်အေ မှုခင်းအရာရှိ ၂ ဦးဟာ နိုင်ငံရပ်ခြားမှာ ၁၀ နှစ်လောက် အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကို အသုံးချပြီး ဒီအီးအေ အေးဂျင့်တွေနဲ့ အတူ အက်စ်ကိုဘာရဲ့ ငွေတွေကို ရှာဖွေကြပါတော့မယ်။ အကယ်၍ ရှာဖွေတွေ့ရှိခဲ့ရင် ကိုလံဘီယာပြည်သူတွေနဲ့ အစိုးရထံ ပြန်လည်အပ်နှံသွားကြမှာပါ။ အဲဒီနောက်တော့ အက်စ်ကိုဘာရဲ့အမှုကို ပိတ်သိမ်းပစ်ကြပါလိမ့်မယ်။ ဒေါက်နဲ့ ဘင်တို့ဟာ ပတ်ဘလိုရဲ့ လူသတ်သမားတစ်ယောက်နဲ့အတူ မြှုပ်နှံခဲ့တဲ့ မော်တော်ဆိုင်ကယ်ကို တွေ့လိုက်ရတဲ့အခါ ပတ်ဘလိုရဲ့အတွင်းစည်းထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။