Fan

4HD2
18 Jul 2017 - 8:10pm

ဒီဇာတ်ကားမှာ မင်းသားရှရွတ်ခန်းက “ပရိသတ်”တစ်ဦးအဖြစ် ပါဝင် ထားပါတယ်။ ပရိသတ်တွေဟာ သူတို့နှစ်သက်တဲ့ ကြယ်ပွင့်တစ်ဦးနဲ့ ကိုယ်ရေးကိုယ်တာဆန်တဲ့ ပတ်သက်မှုမျိုး ရှိနေတတ်ပါတယ်။ င်္ညေ ဟာ ဂေါရက်ဗ် (ခန်း) ဆိုတဲ့ အသက် ၂၀ ၀န်းကျင်လူငယ်တစ်ဦးရဲ့ ဇာတ်ပါ။ သူက မီဂါကြယ်ပွင့် အာရိယန်ခန်နာ (ခန်း) ရဲ့ ပရိသတ်ပေါ့။ ဂေါရက်ဗ်ဟာ ဒေလီမြို့လမ်းတွေပေါ်ကနေ အိပ်မက်မြို့တော် မွန်ဘိုင်းကို ခရီးထွက်ခဲ့ပါ တယ်။ “နတ်ဘုရားတစ်ပါး”လို့ သူ တင်စားခေါ်တဲ့ အာရိယန်ရဲ့မွေးနေ့ပွဲဆီ ကိုပေါ့။ တကယ်တော့ သူတို့နှစ်ဦးဟာ ရုပ်ချင်းချွတ်စွပ် (နှစ်ကိုယ်ခွဲ) တူနေ ပါတယ်။ တကယ်တော့ တကယ့် ပရိသတ်စစ်စစ် တစ်ယောက်ဟာ မီဂါကြယ်ပွင့်ကြီးရဲ့ မွေးနေ့မှာ ပရိသတ်တစ်ယောက် ဖြစ်ဖို့ဆိုတာ ခက်ခဲလိုက်ပါဘိတော့။ ဂေါရက်ဗ်ရဲ့ အစီအစဉ်ဟာ ထင်သလို ဖြစ်မလာ တဲ့ အခါမှာတော့ သူ့ရဲ့ချစ်ခင်စိတ် ဟာ အန္တရာယ်များလှတဲ့ အစွဲအလမ်း တစ်ခု ဖြစ်သွားပါတော့တယ်။ ဒါရိုက် တာ မနိရှ်ရှာရ်မာ ရိုက်ကူးတဲ့ လျှို့ ၀ှက်သည်းဖို အက်ရှင်ဒရာမာ ဇာတ် ကားဖြစ်ပြီး ရှရွတ်ခန်းနဲ့အတူ ဆာယာနီ ဂုပ္ပတား၊ ဂျိုဝဲလ်ကိုအီဆီတို့ ပါဝင် ထားပါတယ်။