Empire Season 3

Star World
18 May 2017 - 7:30pm

စွဲမက်ဖွယ်ကောင်းတဲ့၊ တစ်ခါတစ်ရံမှာ အန်္တရာယ်လည်း များတဲ့ ဟစ်ပ်ဟော့ပ် ဂီတလောကထဲက မိသားစုတစ်စုအကြောင်း အားကောင်းတဲ့ ဒရာမာဇာတ်လမ်း တစ်ပုဒ်ပါ။ Empire  ဟာ တတိယမြောက်ရာသီအဖြစ် ပြန်လာပြီး အင်ပါယာရဲ့ ၀ိညာဉ်အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါပဲ။ လီယွန် မိသားစုဝင်တိုင်းဟာ ဒုတိယရာသီ နောက်ဆုံးပိုင်းမှာ စတင်ခဲ့တဲ့ ဖြစ်ရပ်တွေကို ကိုင်တွယ်ကြရပါ လိမ့်မယ်။ လူးရှပ်စ်က သူ့ရဲ့ ဂီတအမွေအနှစ်တွေကို အွန်လိုင်းရောင်းချမှု (streaming) နဲ့ ဆက်လှုပ်ရှားနေပြီး သူ့ကို စုံစမ်းစစ်ဆေးနေတဲ့ ဖက်ဒရယ် အခွန်အခ အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ ညီအစ်ကိုတစ်ဝမ်းကွဲ တော်စပ်သူ တားရစ် (မိုရော့ကိုအိုမာရီ) နဲ့ ပဋိပက္ခဖြစ်နေရတယ်။ ကွတ်ကီးက သူ့ပျော်ရွှင်မှုကို သူ့ဘာသာ ရှာဖွေနေပြီး လော်ရက်တာဟော်လိုဝေးကနေ ကွတ်ကီးလီယွန် ဖြစ်လာပုံ၊ လူးရှပ်စ်နဲ့ တွေ့ဆုံခဲ့ပုံတွေကို နောက်ကြောင်းပြန်ပြကွက်တွေ တစ် လှေကြီးနဲ့ ပြသထားတယ်။ တစ်ချိန်တည်းမှာပဲ လီယွန် ညီအစ်ကိုတွေဖြစ်ကြ တဲ့ အန်ဒရေ၊ ဂျမဲလ်နဲ့ ဟာကီးမ်တို့ အားလုံးဟာ ဒုတိယရာသီမှာ ဖြစ်ပျက်ခဲ့ တဲ့ ဖြစ်ရပ်တွေကို အနိုင်ယူဖို့ သန်္နိဋ္ဌာန်ချထားကြပြီး ဘ၀တွေကို ကိုယ်စီဆက်သွား နေကြတယ်။ ဒါပေမဲ့ သူတို့ရင်ဆိုင်ရမယ့် ရွေးချယ်မှုတွေက လီယွန် မိသားစုရဲ့ ၀ိညာဉ်အတွက် တိုက်ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။